Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇွန်လ တတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများ ဖြစ်သော  မတ်ပဲ၊ ပဲယင်းဝါ၊ ပြောင်းနီ၊ ပြောင်းဖူးစေ့၊ ကုလားပဲဖြူလုံးသေးဈေးငြိမ်၍ ပဲကြီး ကျဆင်းနေပြီး  ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊  ကုလားပဲဖြူလုံးကြီး၊ ကုလားပဲထိုင်ဝမ်၊ ပဲစဉ်းငုံ၊ 929နှင့် ပဲတီစိမ်းကြီးဈေးနှုန်းများမြှင့်တက်နေကြောင်းသိရသည်။

ယခု အပတ်အတွင်း သီးနှံတစ်တင်း ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၇၈၀၀၀ကျပ်၊ ဂျုံအထွက်တိုး ၆၆၅၀၀ကျပ်၊  ပဲကြီး ၁၀၉၀၀၀ ကျပ်၊ ပဲစဉ်းငုံ ၈၅၅၀၀ ကျပ်၊ မတ်ပဲ ၈၅၀၀၀-၁၀၀၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး ၇၀၀၀၀-၁၁၅၀၀၀ ကျပ်၊ ပဲယင်းဝါ ၇၆၀၀၀ ကျပ်၊ ပဲပုတ်စေ့  ၁၄၆၀၀၀ ကျပ်၊ ပြောင်းနီး ၂၈၀၀၀ ကျပ်၊ ပြောင်းဖူးစေ့ ၃၀၇၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၈၆၀၀၀ ကျပ်၊  ကုလားပဲဖြူလုံးသေး ၈၆၀၀၀ ကျပ်၊  ကုလားပဲ 929 ၈၅၀၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၈၃၀၀၀ ကျပ်ပေါက်ဈေးရှိ ကြောင်းသိရသည်။

ယခင်အပတ် ကာလတူအချိန် တစ်တင်းပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် ၇၅၀၀၀ကျပ်၊ ဂျုံအထွက်တိုး ၆၅၀၀၀ကျပ်၊  ပဲကြီး ၁၁၀၀၀၀ ကျပ်၊ ပဲစဉ်းငုံ ၈၃၅၀၀ ကျပ်၊ မတ်ပဲ ၈၅၀၀၀-၁၀၀၀၀၀ ကျပ်၊ ပဲတီစိမ်းကြီး ၇၀၀၀၀-၁၁၀၀၀၀ ကျပ်၊ ပဲယင်းဝါ ၇၆၀၀၀ ကျပ်၊  ပြောင်းနီး ၂၈၀၀၀ ကျပ်၊ ပြောင်းဖူးစေ့ ၃၀၇၀၀ ကျပ်၊ ကုလားပဲဖြူလုံးကြီး ၈၅၀၀၀ ကျပ်၊  ကုလားပဲဖြူလုံးသေး ၈၆၀၀၀ ကျပ်၊  ကုလားပဲ 929 ၈၃၅၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၈၂၀၀၀ ကျပ်ပေါက်ဈေးရှိ၍

ယခုတစ်ပတ်အတွင်း ကာလတူနှိုင်းယှဉ်ပါက ဂျုံဖြူသန့် ၃၀၀၀ ကျပ်၊ ဂျုံအထွက်တိုး တစ်တင်းလျှင် ၁၅၀၀ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင် ၅၀၀၀ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင် ၂၀၀၀ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် ၁၀၀၀ကျပ်၊  ကုလားပဲ 929 တစ်တင်းလျှင် ၁၅၀၀ကျပ်၊ ကုလားပဲ ထိုင်ဝမ် ၁၀၀၀ ကျပ်နှုန်းမြှင့်တက်နေပြီး   ပဲကြီး တစ်တင်းလျှင် ၁၀၀၀ကျပ်နှုန်း ကျဆင်းနေကြောင်းသိရသည်။   

 

စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံး

Category: Local News