Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

          အောက်တိုဘာလ တတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန်သီးနှံများဖြစ်သော ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ ပုဂံပဲ၊ ပဲတီစိမ်းသေ၊ ပဲတီစိမ်းကြီး၊ ကုလားပဲ ထိုင်ဝမ်တို့ ဈေးငြိမ်၍ ပဲကြီး၊ မတ်ပဲ၊ Cp ပြောင်းဖူးစေ့၊ ကုဖြူလုံးကြီ၊ ကုဖြူလုံးသေးနှင့် ကုလားပဲ 929 ဈေးနှုန်းများ ဈေးအနည်းငယ် မြင့်တက်နေပြီး၊ ပဲနီလုံးကြား၊ ပဲနီလုံးရိုးရိုး၊ ပဲပုပ်စေ့ဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း သီးနှံ တစ်တင်းပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၆၅၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၆၅၀၀)ကျပ်၊ ပဲကြီး (၁၂၀၀၀၀)ကျပ်၊ မတ်ပဲ (၈၇၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၄၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၄၉၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၄၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၄၅၀၀) ကျပ်၊ ပုဂံပဲ (၉၀၀၀၀) ကျပ်၊ ပဲပုပ်စေ့ (၇၂၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၈၅၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၉၀၀၀၀)ကျပ်၊ ကုလားပဲ ဖြူလုံးသေး (၉၂၀၀၀)ကျပ်၊ ကုလားပဲ 929 (၈၈၅၀၀) ကျပ်၊ ကုလားပဲ ထိုင်ဝမ် (၈၈၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ယခင်ပတ် ကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၆၅၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၆၅၀၀)ကျပ်၊ ပဲကြီး (၁၁၀၀၀၀)ကျပ်၊ မတ်ပဲ (၈၂၀၀၀) ကျပ်၊ ပဲတီစိမ်းကြီး (၅၄၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀-၄၉၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၄၀၀၀-၅၅၀၀၀) ကျပ်၊ ပဲနီလုံးကြား (၅၄၀၀၀-၅၅၀၀၀) ကျပ်၊ ပုဂံပဲ (၉၀၀၀၀)ကျပ်၊ ပဲပုပ်စေ့ (၇၇၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၈၀၀၀)ကျပ်၊ ကုလားဖြူလုံးကြီး (၈၉၅၀၀)ကျပ်၊ ကုလားပဲ ဖြူလုံးသေး (၉၀၀၀၀) ကျပ်၊ ကုလားပဲ 929 (၈၉၀၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် (၈၈၀၀၀) ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက ပဲကြီး တစ်တင်း (၁၀၀၀၀) ကျပ်၊ မတ်ပဲ တစ်တင်း (၅၀၀၀) ကျပ်၊ CP ပြောင်းဖူးစေ့ တစ်တင်း (၅၀၀)ကျပ်၊  ကုဖြူလုံးကြီး တစ်တင်း (၅၀၀)ကျပ်၊ ကုဖြူလုံးသေး တစ်တင်း (၂၀၀၀)ကျပ်၊ ကုလားပဲ 929 တစ်တင်း (၅၀၀)ကျပ်မြင့်တက်နေပြီး၊ ပဲနီလုံးကြား တစ်တင်း (၁၅၀၀) ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်း (၁၀၀၀) ကျပ်၊ ပဲပုပ်စေ့ တစ်တင်း (၅၀၀၀)ကျပ်း အသီးသီးဈေးနှုန်းများ ကျဆင်းသွားကြောင်းသိရသည်။

Category: Local News