အောက်တိုဘာလ တတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းများအဝင်များ၍ နှမ်းဝါ၊ နှမ်းဖြူ နှမ်းညို၊ နှမ်းနက်၊ မြေပဲလုံးဆံဖြူနှင့် ဆီဆံဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ ယခုအပတ်တွင်း နှမ်းညိုတစ်တင်းလျှင် (၉၄၀၀၀)ကျပ်၊ နှမ်းဝါတစ်တင်းလျှင် (၁၀၀၀၀၀ - ၁၀၃၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀၀၀-၁၁၀၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၀၀၀၀-၁၀၅၀၀၀)ကျပ်ဖြစ်ကာ ယခင်ပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်းလျှင် (၉၄၅၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၁၀၂၀၀၀-၁၀၄၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀၀၀-၁၁၆၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၀၀၀၀-၁၀၀၀၀၀) ကျပ် ရှိနေကြောင်းသိရသည်။
ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၅၈၀၀ - ၆၃၀၀) ကျပ် မြေပဲဆီဆံဖြူတစ်ပိဿာ (၅၅၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၃၀၀-၆၇၀၀) ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၅၈၀၀-၅၉၀၀) ကျပ်၊ ယခုအပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူ ဈေးငြိမ်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၁၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၂၅၀၀)ကျပ်၊ ပဲဖတ်တစ်ပိဿာ(နယ် - ၂၆၂၅ )ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ( ၂၃၅၀ )ကျပ်၊ နေကြာဖတ် တစ်ပိဿာ (၁၈၅၀)ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။