Local News

မြေပဲဈေးကွက်အခြေအနေ

Last Updated:

     စက်တင်ဘာလ တတိယအပတ်တွင် မုံရွာကုန်စည်ဒိုင်သို့ မိုးမြေပဲ (အသစ်)များ စတင် ဝင်ရောက်လာပြီး ဆီစက်များမှအဝယ်လိုက်၍ အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း သိရပါ သည်။ ယခုတစ်ပတ်အတွင်း မြေပဲဆံဈေးနှုန်းများသည် ယခင်တစ်ပတ်၊ ယခင်လထက် ဈေးအနည်းငယ်မြင့် တက်လာကြောင်းသိရသည်။

ယခုတစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်နေသော မြေပဲဆံဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၉၀၀၀ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ ၉၀၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၈၅၀၀ ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်အတွင်းဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၈၃၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၇၉၀၀ကျပ်နှုန်းရှိပြီး ယခုတစ်ပတ်နှင့်ယခင်တစ်ပတ် ကာလတူနှင့်နှိုင်းယှဉ် ပါက မြေပဲလုံးဆံဖြူ တစ်ပိဿာ ၇၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၆၀၀ကျပ်နှုန်း အနည်းငယ်မြင့် တက်နေကြောင်းသိရပါသည်။

ယခင်လပေါက်ဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၈၀၀၀ကျပ်နှင့် မြေပဲဆီဆံဖြူ တစ်ပိဿာ ၇၅၀၀ကျပ်နှုန်းရှိပြီး ယခုတစ်ပတ်နှင့်ယခင်လ ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ တစ်ပိဿာ ၁၀၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၁၀၀၀ကျပ်မြင့်တက်နေကြောင်းသိရပါသည်။ ယခုတစ်ပတ်အတွင်း မြေပဲဆီဈေးနှုန်းမှာ တစ်ပိဿာ ၁၄၅၀၀ကျပ်နှင့် ပဲဖတ်ဈေးနှုန်းမှာ တစ်ပိဿာ ၅၇၂၅ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News