Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

      ဒီဇင်ဘာလ တတိယပတ်အတွင်း မုံရွာမြို့ ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာထွက်ကုန် သီးနှံများဖြစ်သော ဂျုံဖြူသန့်၊ ဂျုံထွက်တိုးနှင့် CP ပြောင်းဖူးစေ့ ဈေးငြိမ်၍ မတ်ပဲ၊ ပဲတီစိမ်းကြီး/သေး၊ ပဲနီလုံးရိုးရိုး၊ ပဲနီလုံးကြား၊ ပြောင်းနီ၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲထိုင်ဝမ်၊ ကုလားပဲ 929၊ ပဲလွန်းပြာနှင့် ပဲလွန်းဖြူ ဈေးနှုန်းများ ဈေးမြင့်တက်နေပြီး၊ ပဲကြီး၊ ပဲပုတ်စေ့ ဈေးနှုန်းများ ကျဆင်း နေကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း သီးနှံ တစ်တင်းပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၀၀၀၀) ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး (၁၃၂၀၀၀)ကျပ်၊ မတ်ပဲ (၉၃၅၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၄၅၀၀၀-၅၁၅၀၀) ကျပ်၊ ပဲတီစိမ်းသေး (၄၂၀၀၀- ၄၅၀၀၀)ကျပ်၊ ပဲပုတ်စေ့ (၆၅၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၀၀၀၀-၅၂၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၄၀၀၀) ကျပ်၊  CP ပြောင်းဖူးစေ့ (၁၈၀၀၀) ကျပ်၊ ပြောင်းနီး (၂၀၀၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၉၂၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၉၃၅၀၀)ကျပ်၊ ကုလားပဲ 929 (၈၉၀၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် (၈၈၅၀၀)ကျပ်၊ ပဲလွန်းပြာ (၆၉၀၀၀) ကျပ်၊ ပဲလွန်းဖြူ (၆၀၀၀၀-၆၄၀၀၀) ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်လကာလတူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၀၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး (၁၃၄၀၀၀) ကျပ်၊ မတ်ပဲ (၉၀၀၀၀) ကျပ်၊ ပဲတီစိမ်းကြီး (၅၁၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၄၀၀၀၀-၄၅၀၀၀)ကျပ်၊ ပဲပုတ်စေ့ (၆၇၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၄၈၀၀၀- ၅၀၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၁၅၀၀) ကျပ်၊  CP ပြောင်းဖူးစေ့ (၁၈၀၀၀)ကျပ်၊ပြောင်းနီး (၁၉၅၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၉၀၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၉၁၅၀၀) ကျပ်၊ ကုလားပဲ 929 (၈၇၀၀၀)ကျပ်၊ ကုလားပဲ ထိုင်ဝမ် (၈၇၀၀၀) ကျပ်၊ ပဲလွန်းပြာ (၆၃၀၀၀) ကျပ်၊ ပဲလွန်းဖြူ (၆၀၀၀၀-၆၃၀၀၀) ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မတ်ပဲ တစ်တင်းလျှင် (၃၅၀၀) ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင် (၅၀၀)ကျပ်၊ ပဲတီစိမ်းသေး တစ်တင်းလျှင် (၂၀၀၀) ကျပ်၊ပဲနီလုံးရိုးရိုး တစ်တင်းလျှင် (၂၀၀၀) ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၂၀၀၀) ကျပ်၊ ပြောင်းနီ တစ်တင်းလျှင် (၅၀၀) ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၂၀၀၀)ကျပ်၊ ကုဖြူလုံးသေး တစ်တင်းလျှင်း (၂၀၀၀)ကျပ်၊ ကုလားပဲ  929 (၂၀၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် တစ်တင်း (၁၅၀၀)ကျပ်၊ ပဲလွန်းပြာ တစ်တင်း (၆၀၀၀)ကျပ်၊ ပဲလွန်းဖြူ တစ်တင်း (၁၀၀၀)ကျပ်နှုန်း  မြင့်တက်နေပြီး၊ ပဲကြီး တစ်တင်းလျှင် (၂၀၀၀) ကျပ်၊ ပဲပုတ်စေ့ တစ်တင်းလျှင် (၂၀၀၀) ကျပ်နှုန်းများ အနည်းငယ်ကျဆင်းနေကြောင်းသိရသည်။

Category: Local News