Local News

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၂၀၂၃ ခုနှစ်၊ လအလိုက် ပဲမျိုးစုံ ပြည်တွင်းတစ်တန်ဈေးနှုန်းများ ကာလတူနှိုင်းယှဉ်ချက်

Last Updated:

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပြည်တွင်းပဲမျိုးစုံ ကာလတူဈေးနှုန်းများ နှိုင်းယှဉ်ရာ၌ မတ်ပဲတစ်တန် ဈေးနှုန်းမှာ ဇန်နဝါရီလတွင် ၁၆၈၈၀၀၀ကျပ် ‌ရှိရာမှ ဒီဇင်ဘာလတွင် ၂၉၆၅၀၀၀ ကျပ် သို့လည်းကောင်း၊ ပဲတီစိမ်း တစ်တန် ဈေးနှုန်းမှာ ဇန်နဝါရီလတွင် ၁၃၂၈၉၀၀ ကျပ် ရှိရာမှ ဒီဇင်ဘာလတွင် ၁၇၈၈၂၀၀ ကျပ်သို့လည်းကောင်း၊ ပဲစင်းငုံတစ်တန် ဈေးနှုန်းမှာ ဇန်နဝါရီလတွင် ၁၈၂၀၀၀၀ ကျပ်ရှိရာမှ ဒီဇင်ဘာလတွင် ၃၁၀၀၀၀၀ ကျပ်သို့လည်းကောင်း၊ ကုလားပဲအနေဖြင့် ဇန်နဝါရီလတွင် ၂၁၄၃၄၀၀ ကျပ်မှ ဒီဇင် ဘာလတွင် ၂၉၆၀၉၀၀ ကျပ်သို့လည်းကောင်း အသီးသီးဈေးမြင့်တက်သွားသည်ကို တွေ့ရှိရပါသည်။

တောင်သူများအနေဖြင့် ပဲမျိုးစုံများအနက် ပဲစင်းငုံမှာ ဈေးကောင်းရရှိနေသဖြင့် သီးညှပ်၊ အရိပ်ရလေကာပင်အဖြစ်မှ စီးပွားဖြစ် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

ဇစ်မြစ်။    ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ၁၅-၁၂-၂၀၂၃ ရက်နေ့တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံများ၏ အမြင့်ဈေးနှုန်းများအား ကာလတူနှိုင်းယှဉ်ထားခြင်း ဖြစ်ပါသည်။

Source: Domestic YGN TC

Category: Local News