Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

       ဇွန်လတတိယပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းညိုနှင့် မြေပဲလုံးဆံဖြူ ဈေးနှုန်းများ ငြိမ်နေပြီး၊ နှမ်းဖြူ၊ နှမ်းနက်၊မြေပဲလုံးဆံနီ ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် နှမ်းညို တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၉၀၀၀)ကျပ်၊ နှမ်းနက်(သ/ဟ) တစ်တင်း လျှင် (၁၁၂၀၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက် ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၇၀၀၀-၁၁၅၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၁၀၀၀၀-၁၀၀၀၀၀)ကျပ်ရှိပြီး ကာလတူ နှိုင်းယှဉ်ပါက  နှမ်းညို ဈေးနှုန်းများ ငြိမ်နေပြီး နှမ်းဖြူနှင့် နှမ်းနက် တစ်တင်းလျှင် (၂၀၀၀)ကျပ် မြင့်တက်သွားကြောင်းသိရသည်။

      ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ (၈၅၀၀-၇၈၀၀)ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ (၆၈၀၀-၆၅၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ (၈၀၀၀)ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ (၆၈၀၀-၆၅၀၀)ကျပ်၊ ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ ဈေးငြိမ်နေပြီး ၊ မြေပဲလုံးဆန်နီ တစ်ပိဿာ  လျှင် (၅၀၀)ကျပ် မြင့်တက်သွားကြောင်းသိရသည်။ ယခုပတ်ဆီဈေးမှာ ပဲဆီတစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၃၅၀၀ ကျပ်ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ်မှ ၁၂၅၀၀ ကျပ်ထိ ပေါက်ဈေးရှိပါသည်။

 

                                                                                                                                                                               ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News