Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဖေဖော်ဝါရီလ တတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းညို၊ နှမ်းဝါ၊ နှမ်းဖြူ၊ မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူ‌ဈေးများ ငြိမ်နေပြီး၊ နှမ်းနက် ဈေးနှုန်းများ မြင့်တက်၍ မြေပဲလုံးဆံနီဈေးနှုန်းများ အနည်းငယ်ကျဆင်းနေကြောင်းသိရသည်။ ဖေဖော်ဝါရီလ တတိယပတ်တွင် နှမ်းညို တစ်တင်းလျှင် (၁၀၀၅၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၁၀၀၅၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင်(၁၁၂၀၀၀-၁၂၂၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၁၈၀၀၀-၁၃၂၀၀၀)ကျပ်ဖြစ်ကာ ယခင်ပတ်ကာလတူပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် (၁၀၀၅၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၁၀၀၅၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၀၀၀၀-၁၂၂၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၃၀၀၀၀ ) ကျပ်ရှိ၍ ယခင်ပတ်ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်းလျှင် (၂၀၀၀) ကျပ်မြင့်တက်နေကြောင်းသိရသည်။

ဖေဖော်ဝါရီလ တတိပတ်တွင် မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၈၁၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၇၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၄၅၀)ကျပ်ရှိပြီး  ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၈၂၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၇၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၄၅၀)ကျပ်၊  ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက  မြေပဲလုံးဆံနီ တစ်ပိဿာလျှင် (၁၀၀)ကျပ်နှုန်း အနည်းငယ်ကျဆင်းနေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၃၀၀၀-၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ  ၂၉၀၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၃၂၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၇၅၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Category: Local News