အောက်တိုဘာလ တတိယပတ်တွင် မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းညို၊ မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူ ဈေးငြိမ်ပြီး နှမ်းနက်ဈေးနှုန်းများ အနည်းငယ်ကျဆင်းနေကြောင်းသိရသည်။ ယခုပတ်တွင် နှမ်းညို တစ်တင်း ၉၀၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၈၀၀၀၀- ၂၂၅၀၀၀ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက်ဈေးနှုန်း မှာ နှမ်းညို တစ်တင်း ၉၀၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၈၀၀၀၀-၂၃၀၀၀၀ကျပ်ရှိပြီး ကာလတူ နှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်း ၅၀၀၀ကျပ်နှုန်း ကျဆင်းသွားကြောင်းသိရသည်။
ယခုပတ်တွင် မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့်ဆီဈေးနှုန်းများမှာ မြေပဲလုံး ဆံဖြူ တစ်ပိဿာ ၈၄၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၈၀၀၀ကျပ်ရှိပြီး ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၈၂၀၀-၈၄၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၈၀၀၀ကျပ်ရှိ၍ ကာလတူနှိုင်းယှဉ်ပါက မြေပဲဆီဆံဖြူနှင့် မြေပဲလုံးဆံဖြူ ဈေးငြိမ်နေကြောင်းသိရ သည်။ ယခုပတ်အတွင်း ပဲဆီတစ်ပိဿာ ၁၄၅၀၀ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၃၅၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၅၃၅၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၃၄၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၂၇၅၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး