ဇွန်လ တတိယအပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ပွဲရုံများသို့ စားဖိုဆောင် သီးနှံဖြစ်သော ကြက်သွန်နီများ နေ့စဉ် ပိဿာချိန် ၁၅၀၀၀ခန့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများတွင် ဝင်ရောက်လာသော ကြက်သွန်နီများကို ဒေသတွင်း ကြက်သွန်ကြော်လုပ်ငန်းများ၊ အကြော်ဖိုများ၊ ရန်ကုန်၊ မန္တလေးဝယ်လက်များနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ မြို့နယ်များသို့ တင်ပို့နေကြောင်းသိရပါသည်။
ယခုတစ်ပတ်အတွင်း မုံရွာကြက်သွန်နီပွဲရုံများသို့ ဝင်ရောက်လာသော ကြက်သွန်နီ တစ်ပိဿာ ပေါက်ဈေးနှုန်းမှာ လက်ကားဈေးနှုန်း (ကြီး) ၃၀၀၀ကျပ် မှ ၂၈၀၀ကျပ်ထိ၊ (လတ်) ၂၅၀၀ကျပ် မှ ၂၃၀၀ကျပ်၊ (သေး) ၂၀၀၀ကျပ်နှင့် လက်လီဈေးနှုန်း (ကြီး) ၃၃၀၀ကျပ် မှ ၃၀၀၀ကျပ် ထိ၊ (လတ်) ၂၈၀၀ကျပ် မှ ၂၅၀၀ကျပ်၊ (သေး) ၂၃၀၀ကျပ်ပေါက်ဈေးရှိပါသည်။ ကြက်သွန်နီ အလုံးအရွယ်အစားနှင့် အစိုအခြောက်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိပါသည်။ ကြက်သွန်ဖြူ တစ်ပိဿာ ပေါက်ဈေးနှုန်းမှာ ဗမာဖြူ ၈၀၀၀ကျပ်မှ ၈၅၀၀ကျပ်ထိ၊ ရှမ်းဖြူ ၇၀၀၀ကျပ်မှ ၇၅၀၀ကျပ်ထိ၊ ကြူကုတ်ဖြူ ၁၆၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်ထိစသည်ဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း မုံရွာကြက်သွန်နီပွဲရုံများမှသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး