Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဇန်နဝါရီလ စတုတ္ထပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မြေပဲလုံးဆံဖြူ/ဆီဆံနှင့် နှမ်းနက်ဈေးမြင့်၍ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းဝါနှင့် ဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ ယခုအပတ်တွင်း နှမ်းညို တစ်တင်းလျှင် (၉၉၀၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၉၉၀၀၀)ကျပ်၊နှမ်းဖြူ တစ်တင်းလျှင် (၁၁၀၀၀၀-၁၂၀၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၂၆၀၀၀)ကျပ်ဖြစ်ကာ ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၂၀၀၀-၁၂၀၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၀၈၀၀၀ -၁၂၅၀၀၀) ကျပ်ရှိ၍ ယခင်ပတ်ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ဈေးမြှင့်တက်နေကြောင်းသိရသည်။

ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၅၀၀-၇၇၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၆၀၀-၇၂၀၀)ကျပ်၊ မြေပဲဆီဆံဖြူ  တစ်ပိဿာ (၆၃၅၀)ကျပ်ရှိပြီး  ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၇၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၅၅၀-၇၀၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၃၀၀) ကျပ်၊ ယခုအပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ ဈေးငြိမ်၍ မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူမှာ ဈေးအနည်းငယ်မြှင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၂၅၀၀-၁၃၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ  (၁၂၅၀၀)ကျပ် ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ  ၂၅၅၀ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၂၃၀၀ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၁၇၅၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Category: Local News