Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဆီထွက်သီးနှံ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

ဇွန်လ တတိယတစ်ပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသည့် ဆီထွက် သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မြေပဲလုံးဆံဖြူ၊ မြေပဲဆီဆံဖြူနှင့် နှမ်းဖြူ ဈေနှုန်းများဈေးငြိမ် နေပြီး နှမ်းနက်၊ နှမ်းညို၊ မြေပဲလုံးဆံနီဈေးနှုန်းများ အနည်းငယ်မြင့်တက်နေကြောင်းသိရပါသည်။

ဇွန်လ တတိယတစ်ပတ်အတွင်း နှမ်းသီးနှံပေါက်ဈေးနှုန်းများမှာ နှမ်းနက် တစ်တင်း ၁၄၀၀၀၀ ကျပ်မှ ၁၈၅၀၀၀ ကျပ်ထိ၊ နှမ်းဖြူ တစ်တင်း ၁၁၆၀၀၀ ကျပ်၊ နှမ်းညို တစ်တင်း ၁၁၃၀၀၀ ကျပ်မှ ၁၁၅၀၀၀ ကျပ်ထိရှိပြီး ယခင်ပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ နှမ်းနက် တစ်တင်း ၁၅၀၀၀၀ ကျပ်မှ ၁၇၅၀၀၀ ကျပ်ထိ၊ နှမ်းဖြူ တစ်တင်း ၁၁၆၀၀၀ ကျပ်၊ နှမ်းညို တစ်တင်း ၁၁၄၀၀၀ ကျပ်ထိရှိပြီး ကာလတူအချိန် ပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းညို တစ်တင်း ၁၀၀၀ ကျပ်နှင့် နှမ်းနက် တစ်တင်း ၁၀၀၀၀ ကျပ်ဈေးနှုန်း မြင့်တက်နေကြောင်းသိရပါသည်။   

ဇွန်လ တတိယတစ်ပတ်အတွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံး ဆံဖြူ တစ်ပိဿာ ၁၁၉၀၀-၁၂၂၀၀ ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ ၁၁၄၀၀ ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၁၁၀၀၀ ကျပ်ထိရှိပြီး ယခင်ပတ်ကာလတူအချိန်ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၁၁၈၀၀-၁၂၂၀၀ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ ၁၁၃၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၁၁၀၀၀ကျပ်ရှိ၍ နှိုင်းယှဉ်ပါက မြေပဲလုံးဆံနီ တစ်ပိဿာ ၁၀၀ကျပ်နှုန်းမြင့်တက်နေကြောင်း သိရ သည်။

ဇွန်လ တတိယတစ်ပတ်အတွင်း ပဲဆီ တစ်ပိဿာ ၁၉၅၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၂၅၀၀ ကျပ် ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၇၄၀၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၅၄၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၃၉၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရပါသည်။

 

         စစ်ကိုင်းတိုင်းဒေသကြီးဉီးစီးမှူးရုံး

Category: Local News