စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပဲတီစိမ်း ဧကပေါင်း ၅.၇ သိန်းကျော် စိုက်ပျိုးရန် လျာထားကြောင်းသိရပါသည်။ မိုး ပဲတီစိမ်း ဧက ၄.၇ သိန်းကျော်နှင့် ဆောင်း ပဲတီစိမ်း ဧက ၁ သိန်းခန့်လျာထားပါသည်။
မေလ တတိယအပတ်တွင် မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသော ပဲတီစိမ်းကြီး ဈေးနှုန်းမှာ တစ်တင်း ၉၀၀၀၀ မှ ၁၀၂၀၀၀ ကျပ်၊ ပဲတီစိမ်းသေး တစ်တင်း ၉၅၀၀၀-၁၀၀၀၀၀ ကျပ်ရှိပြီး ယခင်အပတ် မေလ ၁၃ ရက်နေ့ ပေါက်ဈေးနှုန်းမှာ ပဲတီစိမ်းကြီး တစ်တင်း ၁၂၃၀၀၀ ကျပ်နှုန်းရှိပြီး ယခင်အပတ်ပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးအနည်းငယ်ကျဆင်းလာကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး