Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

         ဇွန်လ စတုတ္ထပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းညို၊ နှမ်းနက်နှင့် နှမ်းဖြူ ဈေးနှုန်းများ ကျဆင်းနေပြီး မြေပဲလုံးဆံဖြူ ၊ မြေပဲလုံးဆံနီ၊ ဈေးနှုန်းများ အနည်းငယ်မြင့်တက်ကြောင်း သိရသည်။ ယခုတစ်ပတ်တွင် နှမ်းညို တစ်တင်းလျှင် (၉၈၀၀၀-၉၅၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၅၀၀၀)ကျပ်၊ နှမ်းနက်(သ/ဟ) တစ်တင်းလျှင် (၁၀၀၀၀၀-၈၅၀၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၉၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၁၀၀၀၀-၁၀၀၀၀၀) ကျပ်ရှိပြီး ကာလတူ နှိုင်းယှဉ်ပါက နှမ်းနက်၊ နှမ်းဖြူနှင့် နှမ်းညိုဈေးနှုန်းများ တက်သွားကြောင်းသိရသည်။

      ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ (၈၆၀၀)ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ (၆၅၀၀-၇၀၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ (၇၈၀၀-၈၅၀၀)ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ (၆၅၀၀-၆၈၀၀)ကျပ် ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆန်နီ၊မြေပဲလုံးဆံဖြူ အနည်းငယ် မြင့်တက်သွားကြောင်းသိရသည်။ ယခုပတ်ဆီဈေးမှာ ပဲဆီတစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၃၅၀၀ ကျပ်ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ်မှ ၁၂၅၀၀ ကျပ်ထိ ပေါက်ဈေးရှိပါသည်။

 

                                                                                                                                                                               MT-Monywa

Category: Local News