စက်တင်ဘာလနောက်ဆုံးပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ မိုးနှမ်းများလှိုင်လှိုင်ပေါ်သဖြင့် အဝင်များကာ ဈေးများအနည်းငယ်ကျနေပြီး မြေပဲလုံးဆံဖြူနှင့်ဆီဆံဈေးနှုန်းများ အနည်းငယ်မြင့်တက်နေကြောင်းသိရသည်။ ယခုအပတ်တွင်း နှမ်းညိုတစ်တင်းလျှင် (၉၇၅၀၀)ကျပ်၊ နှမ်းဝါတစ်တင်းလျှင် (၁၀၂၀၀၀-၁၀၅၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀၀၀- ၁၁၀၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၀၀၀၀- ၁၀၀၀၀၀)ကျပ်ဖြစ်ကာ ယခင်ပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်းလျှင် (၁၀၁၀၀၀)ကျပ်၊ နှမ်းဝါတစ်တင်းလျှင် (၁၀၄၀၀၀-၁၀၆၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၅၀၀၀-၁၁၅၀၀၀) ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၉၀၀၀၀- ၁၀၅၀၀၀)ကျပ်ရှိနေကြောင်း သိရသည်။
ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၇၀၀၀)ကျပ် မြေပဲဆီဆံဖြူတစ်ပိဿာ (၆၆၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၈၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၄၀၀)ကျပ်၊ ယခုအပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူဈေး အနည်းငယ် မြင့်တက်နေကြောင်းသိရသည်။ပဲဖတ်တစ်ပိဿာ(နယ်- ၃၁၈၀ )ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ( ၂၆၀၀ )ကျပ်၊ နေကြာဖတ် တစ်ပိဿာ (၁၉၈၀)ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။