Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း နှိုင်းယှဉ်မှုအခြေအနေများ

Last Updated:

       မတ်လနောက်ဆုံးပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာထွက်ကုန်သီးနှံများထဲမှ CP ပြောင်းဖူးစေ့၊ မတ်ပဲနှင့် ပဲစဉ်းငုံ ဈေးငြိမ်ပြီး ကုလားပဲဖြူ လုံးသေး၊ ကုလားပဲဖြူ လုံးကြီး ၊929 ၊ ပဲတီစိမ်းသေး၊ ပဲကြီးနှင့်ဂျုံဖြူသန့် ပေါက်ဈေးနှုန်းများ  အနည်းငယ်ကျဆင်းနေပါ သည်။ ယခုတစ်ပတ်အတွင်း သီးနှံများ တစ်တင်း ပေါက်ဈေး နှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၆၀၀၀)ကျပ်၊ ပဲစဉ်းငုံ (၇၅၀၀၀)ကျပ်၊မတ်ပဲ (၆၅၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၀၀၀၀-၄၁၀၀၀)ကျပ်ပေါက်ဈေးရှိသည်။ ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်း လျှင် (၅၇၅၀၀)ကျပ်၊ ပဲစဉ်းငုံ တစ်တင်းလျှင် (၇၅၀၀၀)ကျပ်၊ မတ်ပဲ တစ်တင်းလျှင် (၆၅၀၀၀)ကျပ်၊ပဲတီစိမ်းသေး တစ်တင်းလျှင် (၄၁၀၀၀-၄၂၀၀၀) ကျပ် ပေါက်ဈေးရှိ၍ ကာလတူနှိုင်းယှဉ်ပါက မတ်ပဲနှင့် ပဲစဉ်းငုံ ဈေးငြိမ်နေပြီး၊ ဂျုံဖြူသန့် တစ်တင်းလျှင် (၁၅၀၀)ကျပ်၊ ပဲတီစိမ်းသေး တစ်တင်းလျှင် (၁၀၀၀)ကျပ်နှုန်း ကျဆင်းနေကြောင်းသိရသည်။ ယခုတစ်ပတ် ပဲကြီး တစ်တင်းလျှင် (၇၈၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူပေါက် ဈေးနှုန်းများမှာ ပဲကြီး တစ်တင်းလျှင် (၈၁၀၀၀-၈၂၀၀၀)ကျပ်ရှိ၍ ယခင်ပတ်နှင့် ယခုပတ်နှိုင်းယှဉ်ပါက ပဲကြီး တစ်တင်းလျှင် (၃၀၀၀)ကျပ် ကျဆင်းနေကြောင်းသိရသည်။

        ကုလားပဲ (မျိုးစုံ)ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူ လုံးကြီး   (၆၈၀၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး  (၆၇၅၀၀)ကျပ်၊ 929  (၆၇၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူ လုံးကြီး  တစ်တင်းလျှင် (၆၉၅၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး တစ်တင်းလျှင် (၆၉၀၀၀)ကျပ်၊ 929 တစ်တင်းလျှင် (၆၈၅၀၀)ကျပ်ပေါက်ဈေးရှိ၍ ကာလတူနှိုင်းယှဉ်ပါက ကုလားပဲဖြူ လုံးကြီး  တစ်တင်းလျှင် (၁၅၀၀)ကျပ်၊ ကုလားပဲဖြူ လုံးသေး တစ်တင်းလျှင် (၁၅၀၀)ကျပ်၊ 929 တစ်တင်းလျှင် (၁၅၀၀)ကျပ်နှုန်း ကျဆင်းသွားကြောင်းသိရသည်။ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၉၀၀)ကျပ်ပေါက်ဈေးရှိပြီး ယခင်ပတ်ကာလတူပေါက်ဈေးနှုန်းမှာ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၉၀၀)ကျပ်ရှိ ၍ ကာလတူနှိုင်းယှဉ်ပါက ဈေးငြိမ်နေကြောင်းသိရသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News