Local News

ဆားလင်းကြီးဒေသထွက် သင်ဖြူးဖျာဈေးကွက်အခြေအနေ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းမှ ထွက်ရှိသော သင်ဖြူးဖျာများသည် မြို့နယ်တွင်းသာမက မုံရွာ၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့များနှင့် ချင်းတွင်းမြစ်ရိုး တစ်လျှောက်ရှိမြို့နယ်များသို့ တင်ပို့ရောင်းချနေကြောင်း သိရပါသည်။

          သင်ဖြူးဖျာများ ထုတ်လုပ်ရောင်းချရန်အတွက် ကုန်ကြမ်းများကို ခန္တီး၊ ဟုမ္မလင်း၊ ကသာမြို့ နယ်များမှ ထွက်ရှိပါသည်။ ကုန်ကြမ်းများဖြစ်သော သင်ချောင်းများကို အစည်းလိုက်ဝယ်ယူရပါ သည်။ သင်ချောင်းအရေအတွက် ၂၀၀ချောင်းလျင် သင်စည်း တစ်စည်း ပြုလုပ်ရောင်းချကြပါသည်။ သင်ချောင်းကုန်ကြမ်းများဝယ်ယူခြင်း၊ သင်ချောင်းများကို ရေစိမ်၍ ခွဲခြမ်းစိတ်ဖြာရခြင်း၊ သင်ဖြူးဖျာ ရက်လုပ်ခြင်း၊ ချုပ်လုပ်ခြင်းများအဆင့်ဆင့်ဆောင်ရွက်ရကြောင်း၊ သင်ဖျာတစ်ချပ်တွင် အပေါ် အောက် နှစ်ထပ်ရက်လုပ်ရကြောင်း၊ ဈေးကွက်အတွင်း သင်ချောင်းနှင့်သင်ဖျာရောင်းချခြင်းနှင့် ပတ်သက်၍ သင်ချောင်း အရှည် ၆ တောင် တစ်စီးလျင် ငွေကျပ် ၇၀၀၀၀နှင့်ဝယ်ယူရပြီး သင်ချောင်း များကို ရေစိမ်၍ခွဲခြမ်းစိတ်ဖြာခြင်း၊ ဖျာရက်လုပ်ခြင်း၊ ချုပ်လုပ်ခြင်းများအတွက် လုပ်အားခမှာ စုစုပေါင်းကုန်ကျငွေ ကျပ် ၄၀၀၀၀ ကုန်ကျပြီး ရောင်းချရာတွင် ၆ တောင် သင်ဖြူးဖျာတစ်ချပ်လျင် ငွေကျပ် ၁၃၅၀၀၀မှ ၁၅၀၀၀၀ကျပ်ထိရရှိပါသည်။ လုပ်သားတစ်ဦးလျင် ၆ တောင် သင်ဖြူးဖျာ တစ်ချပ် ပြီးစီးမှုကြာချိန်မှာ ၃ ရက်ခန့်ရှိပြီး အကျိုးအမြတ်အနေဖြင့် ၂၅၀၀၀ကျပ်မှ ၄၀၀၀၀ကျပ်ခန့် ထိရရှိပြီး တစ်ရက်ပျမ်းမျှ ဝင်ငွေအနေဖြင့် ၈၅၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ခန့်ရရှိပါသည်။ သင်ဖျာရက်လုပ်သည့်သူများအနေဖြင့် သင်ချောင်းတစ်စီးတွင် သင်ဖြူးဖျာအပြင် သင်လျှော်များ လည်းရှိပါသည်။ ၎င်းသင်လျှော်များကို ခရမ်းချဉ်၊ ကွမ်းရွက်၊ ဖရဲစသည့် စိုက်ခင်းများတွင် အများဆုံး အသုံးပြုလျက်ရှိပြီး သင်လျှော်တစ်ပိဿာလျင် ၂၀၀၀ကျပ် မှ ၄၅၀၀ကျပ်ထိရရှိကြောင်းသိရပါသည်။

 သင်ဖျာများကို ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများထဲတွင် ကျေးရွာ ၁၀ ရွာခန့်မှ ရက်လုပ်ရောင်းချကြပါသည်။ သင်ချောင်းအရှည်မှာ ၂တောင်၁ထွာမှ ၆ တောင်အထိ ရှိပြီး သင်ဖျာ ထွက်ရှိသည့် အမျိုးအစားများမှာ တရားထိုင်ဖျာ၊ ကလေးပုခက်ခင်းဖျာမှ ၃ တောင်၊ ၃တောင်၁ထွာ၊ ၄တောင်၊ ၄တောင်၁ထွာ၊ ၅တောင်၊  ၅တောင်၁ထွာ၊ ၆ တောင်ဖျာအထိ အသီးသီးရက်လုပ်ရောင်းချ ကြပါသည်။ သင်ဖြူးဖျာများကို ရန်ကုန်၊ မန္တလေး သင်ဖြူးဖျာကုန်သည်များမှ တန်ဖိုးမြှင့်အနေဖြင့် ပိုက်ဆံအိတ်၊ အုပ်ထုပ်၊ ဖိနပ် စသည့်များ ထုတ်လုပ်ရောင်းချကြကြောင်းသိရပါသည်။

သင်ဖြူးဖျာများ၏ ဈေးကွက်မှာ မတ်လမှစ၍ အောက်တိုဘာလအထိ အရောင်းအဝယ်သွက် နေပြီး ဈေးနှုန်းများမှာ ၆ တောင်တစ်ချပ်လျင် ၁၃၅၀၀၀ကျပ်မှ၁၅၀၀၀၀ကျပ်အထိ၊ ၅တောင်၁ထွာ တစ်ချပ်လျင် ၈၀၀၀၀ကျပ်မှ၉၀၀၀၀ကျပ်ထိ၊ ၅တောင်တစ်ချပ်လျင် ၇၀၀၀၀ကျပ်မှ ၈၀၀၀၀ကျပ် အထိ၊ ၄တောင်၁ထွာ၊ တစ်ချပ်လျင် ၆၀၀၀၀ကျပ်မှ ၇၀၀၀၀ကျပ်အထိ၊ ၄တောင် တစ်ချပ်လျင် ၅၀၀၀၀ကျပ်မှ၅၅၀၀၀ကျပ်အထိ၊ ၃တောင်၁ထွာ တစ်ချပ်လျင်  ၄၅၀၀၀ကျပ်မှ ၅၀၀၀၀ကျပ်အထိ၊ ၃ တောင် တစ်ချပ်လျင်  ၃၀၀၀၀ကျပ်မှ ၃၅၀၀၀ကျပ်အထိ၊ တရားထိုင်ဖျာနှင့် ကလေးပုခက်ခင်းဖျာ တစ်ချပ်လျင်  ၁၀၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်အထိ စသည့်ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။

 

 စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News