Local News

ကြက်သွန်နီ ဈေးကွက်အခြေအနေ

Last Updated:

      ဧပြီလ ပထမပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများ နေ့စဉ် ပိဿာချိန် ၃၀၀၀၀ ကျော် ဝင်ရောက်လျှက်ရှိပါသည်။ ပွဲရုံသို့ဝင်ရောက်လာသော ကြက်သွန်နီများ ဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်၊ မန္တလေးနှင့် ချင်းတွင်းအထက်မြစ်ရိုးတစ်လျှောက် တင်ပို့လျှက်ရှိ ကြောင်းသိရသည်။

          ယခုအပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျှက်ရှိသော ကြက်သွန်နီပေါက်ဈေးနှုန်းများမှာ  တစ်ပိဿာ ပေါက်ဈေးနှုန်းများမှာ လက်ကား (ကြီး) (၁၀၀၀-၉၅၀)ကျပ်၊ (လတ်) (၉၃၀-၉၀၀)ကျပ်၊ (သေး)(၈၇၅-၈၅၀)ကျပ်ပေါက်ဈေးရှိပြီး အလုံးဆိုက် ၊အစို အခြောက် အရောင် အသွေးပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိနေပါသည်။ ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ (ကြီး) (၁၃၀၀-၁၂၀၀)ကျပ်၊ (လတ်) (၁၁၀၀- ၁၀၀၀)ကျပ်၊(သေး)(၉၅၀-၉၀၀)ကျပ်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) (၅၀၀၀-၅၂၀၀)ကျပ်၊ (ရှမ်းစ) (၄၀၀၀-၄၅၀၀)ကျပ်၊ ကြူကုတ် (၅၅၀၀- ၆၀၀၀)ကျပ်ဖြင့် ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီး အသီးသီးအရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။

 

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News