Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

ဩဂုတ်လနောက်ဆုံးပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာထွက် ကုန်သီးနှံများဖြစ်သော ဂျုံ၊ ပဲကြီး၊ ပဲစဉ်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းသေး၊ ပဲကြီး၊ ပဲနီလုံးရိုးရိုး၊ ပဲနီလုံးကြား၊ CP ပြောင်းဖူးစေ့၊ ကုလား ပဲမျိုးစုံ၊ ပုဂံ၊ မြေထောက်ပဲ၊ ပဲယင်းဝါ၊ ထောပတ်ပဲ စသည်ပဲများအားလုံး ဈေးနှုန်းများ မြင့်တက်လာကြောင်း သိရသည်။ ယခုတစ်ပတ်အတွင်း သီးနှံတစ်တင်း ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၇၀၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၆၅၀၀၀)ကျပ်၊ ပဲကြီး (၁၀၆၀၀၀) ကျပ်၊ ပဲစဉ်းငုံ (၁၁၆၀၀၀)ကျပ်၊ မတ်ပဲ (၇၈၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၀၀၀၀-၅၃၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၄၉၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၅၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၄၅၀၀)ကျပ်၊ ပုဂံပဲ (၉၀၀၀၀)ကျပ်၊ မြေထောက်ပဲ (၁၀၂၀၀၀)ကျပ်၊ ပဲယင်းဝါ (၅၆၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၂၁၀၀၀)ကျပ်၊ ကုလားဖြူလုံးကြီး (၉၁၅၀၀)ကျပ်၊ ကုလားဖြူလုံးသေး (၉၁၅၀၀)ကျပ်၊ ကုလားပဲ 929 (၉၀၅၀၀)ကျပ်၊ ကုလားပဲ ထိုင်ဝမ် (၈၉၅၀၀)ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်လ ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၀၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၂၀၀၀)ကျပ်၊ ပဲကြီး (၉၈၀၀၀)ကျပ်၊ ပဲစဉ်းငုံ (၉၈၅၀၀)ကျပ်၊ မတ်ပဲ (၇၃၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး (၅၄၀၀၀-၅၅၅၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၃၀၀၀)ကျပ်၊ ပဲနီလုံးကြား (၄၉၀၀၀) ကျပ်၊ ပုဂံပဲ (၈၈၀၀၀)ကျပ်၊ မြေထောက်ပဲ (၁၀၅၀၀၀)ကျပ်၊ ပဲယင်းဝါ (၅၅၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၉၇၀၀)ကျပ်၊ ကုလားဖြူလုံးကြီး (၈၆၀၀၀)ကျပ်၊ ကုလားဖြူလုံးသေး (၈၅၅၀၀) ကျပ်၊ ကုလားပဲ 929 (၈၆၀၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် (၈၅၅၀၀)ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ဂျုံဖြူသန့်တစ်တင်း (၁၀၀၀၀)ကျပ်၊ ဂျုံထွက်တိုးတစ်တင်း (၁၃၀၀၀)ကျပ်၊ ပဲကြီး တစ်တင်း (၈၀၀၀)ကျပ်၊ ပဲစဉ်းငုံတစ်တင်း (၁၇၅၀၀)ကျပ်၊ မတ်ပဲတစ်တင်း (၅၀၀၀)ကျပ်၊  ပဲနီလုံးရိုးရိုး(၂၀၀၀)ကျပ်၊ ပဲနီလုံးကြားတစ်တင်း (၅၅၀၀)ကျပ်၊ ပုဂံပဲတစ်တင်း (၂၀၀၀)ကျပ်၊ ပဲယင်းဝါတစ်တင်း (၁၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့တစ်တင်း (၁၃၀၀) ကျပ်၊ ကုလားဖြူ(မျိူးစုံ)တစ်တင်း ကျပ်(၅၀၀၀)ကျော် အသီးသီးဈေးနှုန်းများ မြင့်တက်လာကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News