International News

အနိမ့်ဆုံးဈေးဖြင့် ကမ်းလှမ်းသည့်နိုင်ငံအားလုံးမှ ရေနံများကို အိန္ဒိယနိုင်ငံ ဝယ်ယူမည်

Last Updated:

ဖြစ်နို်ငသည့်အနိမ့်ဆုံးဈေးနှုန်းဖြင့် ရောင်းချရန် ကမ်းလှမ်းလာသည့် နိုင်ငံအားလုံးမှရေနံများကို အိန္ဒိယနိုင်ငံက ဝယ်ယူမည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ယနေ့(ဩဂုတ်လ ၃၀)ရက်နေ့တွင် ဖော်ပြခဲ့သည်။

ဖြစ်နိုင်သည့်အနိမ့်ဆုံးဈေးနှုန်းဖြင့် ရေနံရောင်းချရန် ကမ်းလှမ်းလာခဲ့ပါက အိန္ဒိယနိုင်ငံအနေဖြင့် မည်သည့်နိုင်ငံမှမဆို ရေနံများဝယ်ယူမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရရေနံဝန်ကြီး ဟာဒိဆင်းပူရီက ယနေ့(ဩဂုတ်လ ၃၀)ရက်နေ့တွင် အိန္ဒိယပြည်တွင်း မီဒီယာများသို့ ထုတ်ဖော်ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့်နှစ်အတွင်း ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ ရုရှားရေနံများကို လျှော့ဈေးဖြင့်ဝယ်ယူခဲ့ရာ လက်ရှိအချိန်တွင် ရုရှားနိုင်ငံမှာ အိန္ဒိယနို်ငငံအတွက် ထိပ်တန်းရေးနံတင်ပို့သည့်နိုင်ငံဖြစ်လာခဲ့သည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်၌ တတိယမြောက် ရေနံအများဆုံးတင်သွင်းသူနိုင်ငံနှင့် တတိယမြောက် ရေနံအများဆုံးအသုံးပြုသည့် နိုင်ငံလည်းဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ၎င်း၏ ပြည်တွင်းရေနံလိုအပ်ချက် ၈၀ ရာခိုင်နှုန်းကို ပြည်ပရေနံတင်ပို့သူနိုင်ငံများမှ ဝယ်ယူတင်သွင်းနေရခြင်းဖြစ်သည်။ ထို့ပြင် အိန္ဒိယနိုင်ငံသည် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)မှ ရေနံများဝယ်ယူရာတွင် အမေရိကန်ဒေါ်လာအစား ရူပီးငွေကို သုံးစွဲရန်လည်း စီစဉ်ထားကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: International News