Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

      မေလကုန်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေ အနေမှာ မြေပဲလုံးဆံဖြူ ဈေးနှုန်းအနည်းငယ်ကျဆင်းနေပြီး မြေပဲလုံးဆံနီ၊ နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက် ဈေးနှုန်းများ မြင့်တက်ကြောင်းသိရ သည်။ ယခုလကုန်တွင် နှမ်းညို တစ်တင်းလျှင် (၉၅၀၀၀-၉၂၅၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၁၀၀၀၀-၁၀၈၀၀၀)ကျပ်၊ နှမ်းနက် (သ/ဟ) တစ်တင်းလျှင် (၁၀၂၀၀၀)ကျပ်ရှိပြီး ယခင်လကုန် ကာလတူပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် (၈၅၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၇၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၅၀၀၀-၈၅၀၀၀)ကျပ်ရှိပြီး ကာလတူ နှိုင်းယှဉ်ပါက နှမ်းဖြူ တစ်တင်းလျှင် (၃၀၀၀)ကျပ်၊၊ နှမ်းနက် တစ်တင်းလျှင် (၇၀၀၀)ကျပ်၊နှင့် နှမ်းညို တစ်တင်းလျှင် (၁၀၀၀၀)ကျပ်၊ဈေးနှုန်းများ မြင့်တက်သွားကြောင်းသိရသည်။

      ယခုလကုန်တွင် မုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆန်ပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ (၈၁၀၀-၈၀၀၀)ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ (၇၀၀၀-၆၈၀၀)ကျပ်ရှိပြီး ယခင်လကုန်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆန်နီ တစ်ပိဿာ (၇၁၅၀-၇၁၀၀)ကျပ်၊ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ (၇၂၀၀)ကျပ်၊ ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံး ဆန်နီ တစ်ပိဿာ (၉၅၀)ကျပ်မြင့်တက်သွားပြီး၊ မြေပဲလုံးဆံဖြူ အနည်းငယ် ကျဆင်းကြောင်းသိရသည်။ ယခုလကုန် ဆီဈေးမှာ ပဲဆီတစ်ပိဿာ ၁၂၅၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၁၀၀၀ ကျပ်မှ ၁၁၅၀၀ ကျပ်ထိ ပေါက်ဈေးရှိပါသည်။

 

                                                                                                                                                                               ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News