Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

        နိုဝင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော လယ်ယာ ထွက်ကုန်သီးနှံများဖြစ်သော ဂျုံဖြူသန့်၊ ပဲတီစိမ်းသေ၊ ပဲနီလုံးရိုးရိုး၊ Cp ပြောင်းဖူးစေ့၊ ကုဖြူ လုံးကြီ၊ ပုဂံပဲ ဈေးငြိမ်၍  ပဲကြီး၊ မတ်ပဲဈေးနှုန်းများ ဈေးအနည်းငယ်မြင့်တက်နေပြီး၊ ပဲနီလုံးကြား၊ ကုဖြူလုံးသေး၊ ကုလားပဲ 929 ပဲတီစိမ်းကြီးနှင့် ဂျုံထွက်တိုး ဈေးနှုန်းများ ကျဆင်းနေကြောင်းသိရသည်။ ယခုတစ်ပတ် အတွင်း သီးနှံတစ်တင်း ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၅၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၅၀၀၀)ကျပ်၊ ပဲကြီး (၁၂၇၀၀၀)ကျပ်၊ မတ်ပဲ (၉၃၀၀၀) ကျပ်၊ ပဲတီစိမ်းကြီး (၅၁၀၀၀-၅၀၀၀၀) ကျပ်၊ ပဲတီစိမ်းသေး (၄၉၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၄၀၀၀-၅၂၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၄၅၀၀- ၅၄၀၀၀) ကျပ်၊ ပုဂံပဲ (၉၀၀၀၀) ကျပ်၊ CP ပြောင်းဖူးစေ့ (၁၉၀၀၀) ကျပ်၊ ကုလားဖြူလုံးကြီး (၈၉၀၀၀)ကျပ်၊ ကုလားပဲ ဖြူလုံးသေး (၉၀၀၀၀)ကျပ်၊ ကုလားပဲ 929 (၈၇၅၀၀) ကျပ်ပေါက်ဈေးရှိ ကြောင်းသိရသည်။ယခင်ပတ်ကာလ တူအချိန် ပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၆၅၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၅၆၀၀၀)ကျပ်၊ ပဲကြီး (၁၂၀၀၀၀)ကျပ်၊ မတ်ပဲ (၉၀၀၀၀) ကျပ်၊ ပဲတီစိမ်းကြီး (၅၂၅၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၉၀၀၀-၄၈၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၄၀၀၀-၅၂၀၀၀) ကျပ်၊ ပဲနီလုံးကြား (၅၅၀၀၀-၅၄၀၀၀) ကျပ်၊ ပုဂံပဲ (၉၀၀၀၀) ကျပ်၊ CP ပြောင်းဖူးစေ့ (၁၉၀၀၀)ကျပ်၊ ကုလားဖြူ လုံးကြီး (၈၉၀၀၀)ကျပ်၊ ကုလားပဲ ဖြူလုံးသေး (၉၁၀၀၀) ကျပ်၊ ကုလားပဲ 929 (၈၈၀၀၀)ကျပ်၊ ကုလားပဲထိုင်ဝမ် (၈၈၀၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့် နှိုင်းယှဉ် ပါက ပဲကြီး တစ်တင်း (၇၀၀၀) ကျပ်၊ မတ်ပဲ တစ်တင်း (၃၀၀၀) ကျပ်၊  မြင့်တက်နေပြီး၊ ဂျုံထွက် တိုး တစ်တင်း (၁၀၀၀) ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်း (၁၅၀၀) ကျပ်၊ ပဲနီလုံးကြား တစ်တင်း (၅၀၀) ကျပ်၊ ကုဖြူလုံးသေး တစ်တင်း (၁၀၀၀) ကျပ်၊ ကုလားပဲ 929 တစ်တင်း (၅၀၀)ကျပ် အသီးသီးဈေးနှုန်းများ ကျဆင်းသွားကြောင်းသိရသည်။

Category: Local News