Local News

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ထီးတန်းဆိပ်ကမ်းရှိ စားသုံးဆီ သိုလှောင်ကန်များနှင့် မြန်မာအပြည်အပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနသို့ ကြည့်ရှုစစ်ဆေး

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ကြည့်မြင်တိုင်မြို့နယ် ထီးတန်းဆိပ်ကမ်းရှိ စားသုံးဆီသိုလှောင်ကန်များ၌ စားသုံးဆီများ သိုလှောင်ထားရှိမှု အခြေအနေများ၊ ဖြန့်ဖြူးပေးနေမှုအခြေအနေများ၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပန်းပဲတန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပတ်လမ်းဒေါင့်ရှိ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနရှိ အသေးစားနှင့် အလတ်စားထုတ်ကုန်ပစ္စည်းများ ပြခန်းနှင့် ရုံးအဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ပါသည်။ အဆိုပါ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန ပြန်လည်မွမ်းမံမှုမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြီးစီးမည်ဖြစ်ပြီး အသေးစား ထုတ်ကုန်ပစ္စည်းပြပွဲများ၊ ဆွေးနွေးပွဲများနှင့် သင်တန်းများကို စနစ်တကျ ကျင်းပဆောင်ရွက်သွား မည်ဖြစ်ပါသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒေါပုံမြို့နယ်၊ မင်းနန္ဒာလမ်းအနီးတွင် တည်ရှိ သော မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (Myanmar Inspection and Testing Services Limited-MITS) သို့ ရောက်ရှိစစ်ဆေးပြီး သွင်းကုန်ပစ္စည်းများအတွက် ပြည်တွင်း စားသုံးသူများ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးနိုင်ရေး အရည်အသွေးမှန်ကန်စွာ စစ်ဆေးရန်၊ ပြည်ပပို့ကုန်များတင်ပို့ရာတွင် နိုင်ငံ့ဂုဏ်သိက္ခာမြှင့်တင်နိုင်ရေးအတွက် ပို့ကုန်များကိုသတ်မှတ်အရည် အသွေးပြည့်မီစေရေး စနစ်တကျစစ်ဆေးရန်နှင့် စစ်ဆေးမှုများကို ကျန်းမာရေးဝန်ကြီးဌာန၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (Food and Drug Administration – FDA) နှင့် ပေါင်းစပ် ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Source: https://commerce.gov.mm

Category: Local News