Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

စက်တင်ဘာလ ပထမဆုံးပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းညို ၊နှမ်းနက်နှင့် မြေပဲလုံးဆံနီဈေးအနည်းငယ်ကျကာနှမ်းဖြူ၊ နှမ်းဝါနှင့် မြေပဲလုံးဆံဖြူ ဈေးငြိမ်နေကြောင်းသိရသည်။ ယခုအပတ်တွင်း နှမ်းညိုတစ်တင်း လျှင် (၁၀၄၅၀၀)ကျပ်၊နှမ်းဝါတစ်တင်းလျှင် (၁၁၀၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၂၅၀၀၀-၁၃၀၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၅၀၀၀- ၁၁၅၀၀၀၀) ကျပ်ဖြစ်ကာယခင်ပတ်ကာလတူ အချိန်ပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်းလျှင် (၁၀၆၀၀၀)ကျပ်၊နှမ်းဝါတစ်တင်းလျှင် (၁၀၉၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၃၀၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၁၂၀၀၀၀)ကျပ်ရှိနေကြောင်း သိရသည်။

ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (အသစ်-၆၃၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၆၀၀)ကျပ် မြေပဲဆီဆံဖြူတစ်ပိဿာ (၆၂၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ (အသစ်-၇၅၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၇၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၀၀၀)ကျပ်၊ ယခုအပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲဆီဆံဖြူဈေး အနည်းငယ်မြင့်တက်နေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News