စစ်ကိုင်းတိုင်းဒေသကြီးတွင် စက်တင်ဘာလ ပထမအပတ်အတွင်း၌ဖြစ်ပေါ်နေသော စပါး ဈေးနှုန်း၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း (သစ်) စပါး တင်း ၁၀၀၊ ကျပ်၄၇၀၀၀၀၀နှင့် ဆန် တစ်အိတ် ကျပ်၁၆၀၀၀၀၊ ဧရာမင်း (သစ်) စပါး တင်း ၁၀၀၊ ကျပ်၂၈၀၀၀၀၀ နှင့် ဆန် တစ်အိတ် ကျပ်၁၂၅၀၀၀၊ ကလေး ဧည့်မထ (သစ်) စပါး တင်း ၁၀၀၊ ကျပ်၁၈၀၀၀၀၀နှင့် ဆန် တစ်အိတ် ကျပ်၆၈၀၀၀၊ ကလေး ဧရာမင်း (သစ်) စပါး တင်း ၁၀၀၊ ကျပ်၂၃၀၀၀၀၀နှင့် ဆန် တစ်အိတ် ကျပ်၈၅၀၀၀၊ အင်းတော် ဆင်း (၃) (သစ်) စပါး တင်း ၁၀၀၊ ကျပ် ၁၆၀၀၀၀၀နှင့် ဆန် တစ်အိတ် ကျပ်၈၀၀၀၀၊ ဧရာမင်း (သစ်) စပါး တင်း ၁၀၀၊ ကျပ်၂၀၀၀၀၀၀နှင့် ဆန် တစ်အိတ် ကျပ်၁၂၀၀၀၀၊ မုံရွာ ဧရာမင်း (သစ်) စပါး တင်း ၁၀၀၊ ကျပ်၂၇၀၀၀၀၀နှင့် ဆန် တစ်အိတ် ကျပ်၁၃၀၀၀၀နှင့် မနောသုခ (သစ်) စပါး တင်း ၁၀၀၊ ကျပ် ၁၈၀၀၀၀၀နှင့် ဆန် တစ်အိတ် ကျပ်၈၀၀၀၀စသည်ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။
ယခင်လနှင့်နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်း (သစ်) စပါး တင်း ၁၀၀၊ ကျပ်၁၀၀၀၀၀နှင့် ဆန် တစ်အိတ် ကျပ်၅၀၀၀၊ ဧရာမင်း (သစ်) စပါး တင်း ၁၀၀၊ ကျပ်၂၀၀၀၀၀မြင့်တက်လာပါသည်။ ထိုသို့ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း စပါး/ဆန် မြင့်တက်ရခြင်းမှာ လှောင်လက်များ အဝယ်လိုက်ခြင်း၊ ဆန်စက်များမှ အဆွဲရှိခြင်းကြောင့်ဖြစ်ပြီး မုံရွာ မနောသုခ စပါး တင်း ၁၀၀၊ ကျပ်၁၀၀၀၀၀နှင့် ဆန် တစ်အိတ်၊ ၃၀၀၀ကျပ်ခန့် ဈေးအနည်းငယ်ကျဆင်းလာပါသည်။ အောက်ပိုင်းမှ စပါးအသစ်များပေါ်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာခြင်းတို့ကြောင့် ဈေးအနည်းငယ်ကျဆင်းလာကြောင်း မုံရွာမြို့ရှိ ဆန်ပွဲရုံများမှ သိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး