Local News

ကုလားပဲ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

 စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသော ကုလားပဲအမျိုးမျိုးဈေးနှုန်း များမှာ စက်တင်ဘာလ ပထမပတ်တွင် ကုလားပဲဖြူလုံးကြီး တစ်တင်း ၈၄၅၀၀ကျပ်၊ ကုလားပဲ ဖြူလုံးသေး တစ်တင်း ၈၀၀၀၀ကျပ်၊ ကုလားပဲ (929) တစ်တင်း ၈၁၀၀၀ကျပ်၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ၈၁၀၀၀ကျပ်ဖြစ်ပြီး ပစ္စည်းအရည်အသွေးပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

ယခင်ပတ် ကာလတူ ကုလားပဲအမျိုးမျိုးပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်း ၈၀၅၀၀ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်း ၇၉၅၀၀ကျပ်၊ ကုလားပဲ (929) တစ်တင်း ၇၉၅၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ၇၉၅၀၀ကျပ်ဈေးနှုန်းရှိပြီး နှိုင်းယှဉ်ပါက ကုလားပဲများ အားလုံး ဈေးအနည်းငယ်မြင့်တက်လာပါသည်။ ဈေးအနည်းငယ်မြင့်တက်လာရခြင်းမှာ ဒေသအတွင်း ပဲကြော်ဖိုများ၊ မုန့်ဖိုများ၊ ပဲခွဲစက်များနှင့် လှောင်လက်များမှ အဝယ်လိုက်လာခြင်းတို့ကြောင့် မြင့်တက်နေကြောင်းသိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News