International News

ထိုင်းနိုင်ငံ၊ နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနက တရုတ်မှ တင်သွင်းလာသော အလူမီနီယံချောင်းများအား စုံစမ်းစစ်ဆေးမှု ဆောင်ရွက်သွားရန် ရှိ

Last Updated:

ထိုင်းနိုင်ငံအတွင်းသို့ တရုတ်မှတင်သွင်းလာသော အလူမီနီယံချောင်းများ၏ Anti-dumping ဆိုင်ရာစုံစမ်းစစ်ဆေးမှုကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နိုင်ငံခြားကုန်သွယ်မှု ဦးစီးဌာနက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

စုံစမ်းစစ်ဆေးမှုဆောင်ရွက်ရခြင်းမှာ တင်သွင်းမှုမြင့်တက်လာခြင်းကြောင့် ပြည်တွင်းထုတ်လုပ်မှုကို ထိခိုက်စေသည်ဟု ပြည်တွင်းသံမဏိထုတ်လုပ်သူများ၏ တိုင်ကြားချက်များကြောင့် ဖြစ်ကြောင်း အိမ်စောင့်အစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E Mr. Phumtham Wechayachai က ပြောကြားခဲ့ပါသည်။

တရုတ်သွင်းကုန်များ ထိုင်းနိုင်ငံအတွင်းသို့ အများအပြားဝင်ရောက်လာမှုကို ဖြေရှင်းရန် မူဝါဒ များနှင့် အစီအမံများ အစဉ်လိုက်ဆောင်ရွက်ရန် သက်ဆိုင်ရာ ဦးစီးဌာနများကို လမ်းညွှန်မှာကြားခဲ့ပါ ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်တွင်း စက်ရုံများကို ခြိမ်းခြောက် မှု ရှိလာနိုင်သည့် သွင်းကုန်များအတွက် Anti-dumping၊ Countervailing နှင့် Safeguard စသည့် ကုန်သွယ်ရေးဆိုင်ရာ ထုံတမ်းများကို ရှာဖွေလျက်ရှိပါကြောင်း၊ Anti-dumping တွင် Anti-dumping အခွန်များပါဝင်ပြီး တရုတ်၊ ထိုင်ဝမ်၊ ဂျပန်၊ အီးယူ၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်တို့မှ ထိုင်းနိုင်ငံ အတွင်းသို့ တင်သွင်းလာသည့် သံမဏိ ထုတ်ကုန်များအပေါ် ကောက်ခံသည့် ပိုမိုမြင့်မားသော အကောက်ခွန်နှုန်းထားဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ တရုတ်မှ တင်သွင်းလာသော အလူမီနီယံ ချောင်းများအပေါ် Anti-dumping ဆိုင်ရာ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်သွားမည် ဖြစ်ပြီး ၉ လကြာမြင့် မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

အလူမီနီယံချောင်းများ အစုလိုက်အပြုံလိုက်ဖြစ်နေသည်ဟု စစ်ဆေးတွေ့ရှိပါက ဝန်ကြီးဌာန အနေဖြင့် သွင်းကုန်များအပေါ် Anti-dumping အခွန်ကို ၅ နှစ်ကြာကောက်ခံသွားမည် ဖြစ်ပြီး အစီအမံ များကို ပြန်လည်သုံးသပ်မည်ဖြစ်ပါကြောင်း၊ ကနဦး ၅ နှစ်ပြီးနောက် အစုလိုက်အပြုံလိုက်အခြေအနေ ဆက်လက်ဖြစ်ပေါ်နေပါက Anti-dumping အခွန်ကို နောက်ထပ် ၅ နှစ် ထပ်မံကောက်ခံသွားမည် ဖြစ်ကြောင်း၊ ပြည်တွင်း သံမဏိထုတ်လုပ်သူများကို ကာကွယ်ရန်နှင့် အမေရိကန်-တရုတ် ကုန်သွယ် ရေး ပဋိပက္ခမှ အကာအကွယ်ဖြစ်စေရန် ထိုင်းနိုင်ငံသည် ၂၀၂၃ ခုနှစ်မှစ၍ Anti-dumping အခွန်ကို ကိစ္စရပ် ၂၀ ခုပေါ်တွင် ကောက်ခံခဲ့ကြောင်း သိရှိရပါသည်။

ကုန်သွယ်ရေးပဋိပက္ခဖြစ်ပွားပြီးနောက် အမေရိကန်သည် တရုတ် သံမဏိထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်းကြောင့် တရုတ်၏ ပို့ကုန်များ ကျဆင်းမှုကို ခုနှိမ်နိုင်ရေးအတွက် အခြား ဈေးကွက်များကို ရှာဖွေလာခဲ့ရာ တရုတ်သံမဏိထုတ်ကုန်များသည် ထိုင်းနှင့် အရှေ့တောင်အာရှနိုင်ငံ များတွင် အစုလိုက်အပြုံလိုက်ဖြစ်နေပါကြောင်း၊ ယင်းသည် ပြည်တွင်း သံမဏိလုပ်ငန်းရှင်များကို စိုးရိမ်မှုဖြစ်စေပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

Anti-dumping အခွန်ကောက်ခံလျက်ရှိသည့် ကိစ္စရပ် ၂၀ ခုအပြင် တရုတ်မှတင်သွင်းလာသော အအေးလျှော့ကာဗွန်သံမဏိ (ကွိုင်နှင့် ကွိုင်မပါ) တို့အပြင် တရုတ်၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့မှ တင်သွင်းလာသော သံမဏိအပူလိပ်ပြား၊ သံမဏိ tube နှင့် ပိုက်များ အပေါ် Anti-dumping အခွန် ကောက်ခံနိုင်ရေး စဉ်းစားလျက်ရှိကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News