Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဩဂုတ်လ တတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေး ကွက်အခြေအနေမှာ နှမ်းနက်၊ နှမ်းညို၊ နှမ်းဖြူ၊ မြေပဲလုံးဆံဖြူ၊ မြေပဲလုံးဆံနီ၊ မြေပဲဆီဆံဖြူ ဈေးနှုန်းများ မြင့်တက် နေကြောင်းသိရသည်။ ဩဂုတ်လ တတိယပတ်အတွင်း နှမ်းညို တစ်တင်း ၁၂၀၀၀၀- ၁၂၅၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၆၀၀၀၀- ၂၀၀၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၂၅၀၀၀-၁၄၅၀၀၀ကျပ်ဖြစ်ကာ ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်း ၁၂၀၀၀၀-၁၂၃၀၀၀ကျပ်၊ နှမ်းဖြူ တစ်တင်း ၁၂၀၀၀၀-၁၃၇၀၀၀ကျပ်၊ နှမ်းနက် တစ်တင်း ၁၅၀၀၀၀- ၁၉၀၀၀၀ကျပ်ရှိ၍ ယခုပတ်နှင့် ယခင်ပတ်ကာလတူနှိုင်းယှဉ်ပါက နှမ်းညို တစ်တင်း ၂၀၀၀ကျပ်ခန့်၊ နှမ်းနက် တစ်တင်း ၁၀၀၀၀ကျပ်ခန့်နှင့် နှမ်းဖြူ တစ်တင်း ၈၀၀၀ ကျပ်ခန့်နှုန်း မြင့်တက်နေ ကြောင်းသိရသည်။

ဩဂုတ်လ တတိယပတ်အတွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၁၀၇၀၀ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၁၁၃၀၀-၁၁၅၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၁၀၅၀၀ကျပ် ရှိပြီး ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံနီ တစ်ပိဿာ ၉၆၀၀ကျပ်၊ မြေပဲလုံးဆံဖြူ တစ်ပိဿာ ၉၇၀၀-၉၉၀၀ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ ၈၆၀၀-၉၄၀၀ကျပ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံး ဆံနီ တစ်ပိဿာလျှင် ၁၁၀၀ကျပ်ခန့်နှင့် မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ၁၆၀၀ကျပ်ခန့်၊မြေပဲဆ ဖြူ တစ်ပိဿာလျှင် ၁၁၀၀ကျပ်ခန့်မြင့်တက်နေကြောင်းသိရသည်။ ယခုပတ်အတွင်း ပဲဆီတစ်ပိဿာ ၁၉၅၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၆၅၀၀ကျပ်ဖြစ်ပြီး ပဲဖတ် တစ်ပိဿာ ၅၇၀၀ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၃၆၀၀ ကျပ်၊ နေကြာဖတ် တစ်ပိဿာ ၂၇၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Category: Local News