International News

စင်ကာပူနိုင်ငံနှင့် ကင်ညာနိုင်ငံတို့ အခွန်နှစ်ထပ်မကျသင့်စေရန် ရှောင်ရှားရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး

Last Updated:

ဝင်ငွေအပေါ် အခွန်နှစ်ထပ်မကျသင့်စေရန် ရှောင်ရှားရေးနှင့် ဝင်ငွေအပေါ် အခွန်ဆောင်ခြင်း နှင့်စပ်လျဉ်း၍ ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေးသဘောတူစာချုပ်ကို စင်ကာပူနိုင်ငံ နှင့်ကင်ညာနိုင်ငံတို့က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါ သည်။ အဆိုပါစာချုပ်သည် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်ကို အစားထိုးခြင်းဖြစ်ပါသည်။

အဆိုပါစာချုပ်ကို နယူးယောက်မြို့တွင် စင်ကာပူနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Dr. Vivian Balakrishnan နှင့် ကင်ညာနိုင်ငံ၊ Prime Cabinet Secretary and Cabinet Secretary for Foreign and Diaspora Affairs ဖြစ်သူ Hon. Dr. Musalia Mudavadi တို့က လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ နယ်စပ်ဖြတ်ကျော်စီးပွားရေးလုပ်ငန်းများမှ ဖြစ်ထွန်းပေါ်ပေါက် လာသည့် ဝင်ငွေများအပေါ် နှစ်နိုင်ငံအကြား အခွန်ဆိုင်ရာအခွင့်အရေးများကို ရှင်းလင်းစွာ ဖော်ပြထားပြီး အဆိုပါဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှုနှင့်စပ်လျဉ်း၍လည်း ဖော်ပြထား ပါသည်။ စာချုပ်အရ နယ်စပ်ဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် အတားအဆီးများ ကို လျှော့ချနိုင်မည်ဖြစ်ပြီး ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးတက် စေမည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံသည် နိုင်ငံပေါင်း ၉၈ နိုင်ငံနှင့် ဝင်ငွေအပေါ် အခွန်နှစ်ထပ်မကျသင့်စေရန် ရှောင်ရှားရေးနှင့် ဝင်ငွေအပေါ် အခွန်ဆောင်ခြင်းနှင့်စပ်လျဉ်း၍ ရှောင်တိမ်းမှုအား ကာကွယ် တားဆီးရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး နှင့်လည်း လက်မှတ်ရေးထိုးထားပြီးဖြစ်ပါသည်။

 

ရင်းမြစ်။        Ministry of Finance

                   Inland Revenue Authority of Singapore

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: International News