International News

မဟာရွေးကောက်ပွဲနှစ်တွင် အကာအကွယ်ပေးမှုဆိုင်ရာမူဝါဒများကို ကိုင် တွယ်ဖြေရှင်းရန် တောင်ကိုရီးယားနိုင်ငံက ကုန်သွယ်ရေးလမ်းပြမြေပုံကို စတင်မိတ်ဆက်လာ

Last Updated:

အမေရိကန်ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပမည့် ၂၀၂၄ ခုနှစ်အတွင်း တဖြည်းဖြည်းကြီး ထွားလာနေသော ပထဝီနိုင်ငံရေးဆိုင်ရာ မသေချာမရေရာမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်မည့်ဘေး အန္တရာယ် စီမံခန့်ခွဲမှုစနစ်တစ်ခုကို ထူထောင်သွားရန်နှင့် အကျယ်ပြန့်ဆုံးနှင့် အကြီးမားဆုံးဖြစ်နိုင် မည့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ကွန်ရက် (Free Trade Agreement- FTA Network) ကို ရရှိနိုင်ရန် ရည်မှန်းချက်ချထားသည့် ကုန်သွယ်ရေးလမ်းပြမြေပုံကိုချပြလာခဲ့ပါ သည်။

 စီးပွားရေးဆိုင်ရာ ဝန်ကြီးများအစည်းအဝေးတွင်  ဝန်ကြီးချုပ် Han Duck-soo နှင့် အခြား သောဝန်ကြီးများသည် သမ္မတယွန်ဆုခ်ယော်၏ အုပ်ချုပ်မှုကာလဖြစ်သည့် လွန်ခဲ့သော (၂) နှစ်အ တွင်း ကုန်သွယ်မှုဆိုင်ရာအောင်မြင်ခဲ့မှုများကို ပြန်လည်သုံးသပ်ခဲ့ကြပြီးနောက် ကုန်သွယ်ရေး လမ်းပြမြေပုံသစ် (Trade Roadmap) ကို မိတ်ဆက်ပေးခဲ့ကြောင်း၊ အဆိုပါ Trade Roadmap သည် တောင်ကိုရီးယားနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများစွာက တိုးချဲ့ချမှတ်လာနေသည့် အကာအ ကွယ်ပေးမှုဆိုင်ရာမူဝါဒများနှင့် သမ္မတရွေးကောက်ပွဲများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှု များကို ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ရန် ရေးဆွဲထားကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင် ဝန်ကြီးဌာန (Ministry of Trade, Industry and Energy- MOTIE) က ထုတ်ပြန်ခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (World Trade Organization- WTO) စနစ်ကို ပိုမို ကောင်း မွန်လာစေရန် ပြန်လည်ပြင်ဆင်ဖွဲ့စည်းထူထောင်ပြီးလျှင်လည်း အဖွဲ့ဝင်နိုင်ငံအသီးသီး၏ အကာအကွယ်ပေးမှုဆိုင်ရာ မူဝါဒများနှင့် အငြင်းပွားမှုများကို သက်ဆိုင်ရာအစိုးရများကပင် ဖြေရှင်းဆောင်ရွက်သွားရန် လိုအပ်သည်ဟု ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး Mr. Cheong In-kyo က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

ကုန်သွယ်ရေးလမ်းပြမြေပုံသစ်၏ ရည်မှန်းချက်များအနက် တစ်ခုမှာ တောင်ကိုရီးယား နိုင်ငံ၏ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်များ (Free Trade Agreements- FTAs) ကို တိုးချဲ့ချုပ်ဆိုသွားရန် (ကမ္ဘာ့ GDP ၏ ၉၀ ရာခိုင်နှုန်းအထိ ခြုံငုံမိစေရန်) ဖြစ်ပြီး ကမ္ဘာတွင် အကျယ် ပြန့်ဆုံးနှင့် အကြီးမားဆုံးသော FTA Network တစ်ခု ဖြစ်လာစေရန်ရည်မှန်းထားကြောင်း၊ လက်ရှိ တွင် တောင်ကိုရီးယားနိုင်ငံသည် စင်ကာပူနိုင်ငံပြီးလျှင်  နံပါတ် (၂) နေရာကို ရရှိထားပါကြောင်း၊ ကမ္ဘာ့ GDP ၏ ၈၅ ရာခိုင်နှုန်းအထိ ခြုံငုံမိသည့် FTAs စုစုပေါင်း ၂၁ ခုကို နိုင်ငံပေါင်း ၅၉ နိုင်ငံနှင့် ချုပ်ဆိုထားပြီးဖြစ်ပါကြောင်း ဝန်ကြီး Mr. Cheong In-kyo က ပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံသည် တောင်အာရှရှိ မွန်ဂိုလီးယားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံအပါအဝင် အခြားသောနိုင်ငံများနှင့် ကုန်သွယ်ရေးခါးပတ်လမ်းကြောင်း (Trade Belt) ကို တည်ထောင်သွားရန် စီစဉ်နေပါကြောင်း၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့်လည်း နှစ်နိုင်ငံအ ဆင့် FTAs များ ထူထောင်သွားရန် စတင်ဆောင်ရွက်နေကြောင်း၊ အာဖရိကနိုင်ငံများဖြစ်သည့်  တန်ဇန်နီးယားနိုင်ငံနှင့် ကင်ညာနိုင်ငံတို့နှင့်လည်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီ ချက် (Economic Partnership Agreement- EPA) ချုပ်ဆိုရန် ညှိနှိုင်းနေပါကြောင်း ဝန်ကြီးဌာန က ပြောကြားခဲ့ပါသည်။

အာဆီယံအပါအဝင် အိန္ဒိယနိုင်ငံ၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ အာဖရိကနိုင်ငံများ၊ လက်တင်အမေရိကနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိုလည်း အဓိကထားဆောင်ရွက်နေ ပါကြောင်း၊ သို့မှသာ တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်ဈေးကွက်များကို ချဲ့ထွင်နိုင်မည်ဖြစ်သည့်အ ပြင် နိုင်ငံ၏ ကုန်ထုတ်လုပ်မှုအခြေစိုက်စခန်းများရရှိရေးနှင့် အရေးကြီးသောဓါတ်သတ္တုများအတွက် အထောက်အပံ့ကွင်းဆက်များ ပြတ်တောက်မသွားစေရေးအတွက်လည်း အဓိကကျပါကြောင်း ဝန်ကြီး ဌာနက ပြောကြားခဲ့ပါသည်။

Roadmap အရ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ အီးယူနိုင်ငံများနှင့် လည်း မဟာဗျုဟာကျသော ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့မှသာ ကုန်သွယ်မှုဆိုင်ရာကျရောက်လာနိုင်သည့်အန္တရာယ်များကို စီမံခန့်ခွဲရန်နှင့် ကိုရီးယားစီးပွားရေးလုပ်ငန်းများအပေါ် အပျက်သဘောဆောင်သည့် သက်ရောက်မှုများကို လျှော့ချ ရန် အာရုံစိုက်နိုင်မည်ဖြစ်ပါကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ပြင်ဆင်မှုအနေဖြင့် စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းလုပ်ဆောင်သည့်စနစ်တစ်ခု ထူထောင်သွားမည်ဖြစ်ပါကြောင်း၊  ဖြစ်နိုင်ချေရှိသော သက်ရောက်မှုများကို စေ့စေ့စပ်စပ် လေ့လာဆန်းစစ်မှုများ ပြုလုပ်ကာ အမေရိ ကန်ပြည်ထောင်စုနှင့် စီးပွားရေးအရ ပိုမိုထိတွေ့ဆက်ဆံနိုင်မည့် အစီအစဉ်များတွင် တက်ကြွစွာ ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထို့ပြင် အထောက်အပံ့ ကွင်းဆက်ပြတ်တောက်မှုများကို ညှိနှိုင်းတုံ့ပြန်နိုင်စေရန် တောင်ကိုရီးယားနိုင်ငံ၊ အမေရိကန်ပြည် ထောင်စုနှင့် ဂျပန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ထားသည့်ကြိုတင်သတိပေးစနစ် (Early Warning System) ကို ဝန်ကြီးဌာနက အားဖြည့်မြှင့်တင်သွားမည်ဖြစ်သည်ဟုလည်း ထုတ်ပြန် ထားပါသည်။

လွန်ခဲ့သည့် (၂) နှစ်အတွင်းစာရင်းများအရ  တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် စံချိန်တင် ပို့ကုန်အမေရိကန်ဒေါ်လာ ၆၈၃.၆ ဘီလီယံနှင့် ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် အမေရိကန်ဒေါ်လာ ၃၂.၇ ဘီလီယံအထိ ရရှိခဲ့ပါသည်။

 

Socure - https://www.koreaherald.com/view.php?ud=20240822050620

ဒေါ်််ပပ၊ စီးပွားရေးသံမှူး၊ ဆိုလ်း။

Category: International News