International News

Changan Automobile ၏ အရှေ့တောင်အာရှ၌ ပထမဆုံး လျှပ်စစ်မော်တော်ကား ထုတ်လုပ်သည့် စက်ရုံကို ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပထမ ၃ လပတ်အတွင်း ဖွင့်လှစ်နိုင်ရန် လျာထား

Last Updated:

Changan Automobile ၏ အရှေ့တောင်အာရှ၌ ပထမဆုံး လျှပ်စစ်မော်တော်ကား ထုတ်လုပ်သည့် စက်ရုံကို ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပထမ ၃ လပတ်အတွင်း ဖွင့်လှစ်နိုင်ရန် လျာထားပြီး ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဘတ် ၁၀ ဘီလီယံကျော် လျာထားကြောင်း သိရှိရပါသည်။

ကုမ္ပဏီအနေဖြင့် ဘတ္တရီလျှပ်စစ်မော်တော်ကားကို ၂၀၂၅ ခုနှစ် မတ်လတွင် စတင်ထုတ်လုပ်ရန် လျာထားပါကြောင်း၊ ညာမောင်းလျှပ်စစ်မော်တော်ကား ထုတ်လုပ်၍ ပြည်တွင်း၌ ရောင်းချမည် ဖြစ်ကြောင်း၊ ပို့ကုန်အတွက် ဘယ်မောင်းလျှပ်စစ်မော်တော်ကားများ ထုတ်လုပ်ရာတွင် ထုတ်လုပ်မှု အခြေခံများအဖြစ် ထိုင်းနိုင်ငံ၏ Facility များကို အသုံးပြုမည် ဖြစ်ကြောင်း၊ ဩစတြေးလျ၊ နယူးဇီလန်၊ တောင်အာဖရိကနှင့် ယူကေတို့ရှိ ဝယ်ယူသူများထံ ရောင်းချရန် စီစဉ်ထားကြောင်း မန်းနေးဂျင်း ဒါရိုက်တာ Mr. Shen Xinghua က ပြောကြားခဲပါသည်။

ကုမ္ပဏီသည် ဒေသတွင်း လျှပ်စစ်မော်တော်ကား ထုတ်လုပ်မှုအချက်အချာဖြစ်စေရမည့် ထိုင်းနိုင်ငံအစိုးရ၏ မူဝါဒမှ  အကျိုးကျေးဇူးခံစားရပါကြောင်း၊ နိုင်ငံတွင်း၌ လျှပ်စစ်မော်တော်ကား ထုတ် လုပ်မှုနှင့် သုံးစွဲမှုကို မြှင့်တင်ရန် အခွန်ဖြတ်တောက်မှုများနှင့် အထောက်အပံ့များ ပေးထားပါကြောင်း၊ Changan ၏ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ဘတ် ၁၀ ဘီလီယံကို ရယောင်းရှိ ၃၀၀ ရိုင် မြေကွက်တွင် စက်ရုံ ဆောက်လုပ်ရန်၊ အရောင်းပြခန်းများနှင့် အပိုပစ္စည်းများ သိုလှောင်ရုံ ဆောက်လုပ်ရာတွင် အသုံးပြု မည်ဖြစ်ကြောင်း၊ လျှပ်စစ်မော်တော်ကားစက်ရုံတည်ဆောက်မှုသည် ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ် ကြောင်း၊ ကုမ္ပဏီသည် ပထမအဆင့်အနေဖြင့် ၁ နှစ်လျှင် အစီးရေ ၁၀၀,၀၀၀ ထုတ်လုပ်ရန် လျာထား ပြီး ဒုတိယအဆင့်အဖြစ် ၂၀၂၆ ခုနှစ်တွင် နှစ်စဉ် အစီးရေ ၂၀၀,၀၀၀ ထိတိုးမြှင့်ထုတ်လုပ်ရန် လျာထား ကြောင်း Mr. Shen က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

BEV နှင့် Range-extended EV (REEV) တို့သည် စက်ရုံ၏ အဓိက ထုတ်ကုန်များဖြစ်ကြောင်း၊  REEV ကို ခရီးဝေးများ သွားရောက်ရာ၌ ဘတ္တရီသက်တမ်းကန့်သတ်ချက်အတွက် စိုးရိမ်မှုမှ ကင်းလွတ် ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ကြောင်း၊ မော်တော်ကားရွေ့လျားနေစဉ်တွင် ဘတ္တရီကို အားဖြည့်ပေး သော ဂက်စ်ဆိုလင်းအင်ဂျင်နှင့် လျှပ်စစ်ရွေ့လျားမှုနည်းပညာကို ပေါင်းစပ်ထားပါကြောင်း၊ စီးပွားရေး ကျဆင်းနေမှု၊ ဝယ်ယူစွမ်းအား အားနည်းနေမှုနှင့် မော်တော်ကားချေးငွေအတွက် ဘဏ်၏ သတ်မှတ် ချက်များ တင်းကျပ်မှုများကြောင့် ၂၀၂၄ ခုနှစ်အတွင်း ပြည်တွင်းရောင်းအားကို အစီးရေ ၁၅,၀၀၀ မှ ၁၈,၀၀၀ အကြား ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

Category: International News