International News

လျှပ်စစ်မော်တော်ကားထောက်ပံ့မှုအစီအစဉ်အတွက် ဘတ် ၇.၁၂ ဘီလီယံကို ထိုင်းနိုင်ငံ အစိုးရအဖွဲ့ က ခွင့်ပြုခဲ့

Last Updated:

ထိုင်းနိုင်ငံ အစိုးရအဖွဲ့က ဗဟိုအရန်ဘဏ္ဍာငွေမှ ဘတ် ၇.၁၂ ဘီလီယံကို အရေးပေါ်အသုံးပြုရန် အတွက် လျှပ်စစ်မော်တော်ကားထောက်ပံ့မှုအစီအစဉ်ရန်ပုံငွေအတွက် ခွင့်ပြုပေးခဲ့ကြောင်း သိရှိရပါ သည်။

အဆိုပါ ဘတ်ဂျက်ကို လျှပ်စစ်မော်တော်ကားများနှင့် မော်တော်ဆိုင်ကယ်များ ဝယ်ယူထားပြီး သော်လည်း အစိုးရ၏ လျှပ်စစ်မော်တော်ကားအရောင်းမြှင့်တင်ရေး အစီအမံများအောက်မှ ထောက်ပံ့ ပေးမှုများကို မလျှောက်ထားရသေးသည့် ပုဂ္ဂိုလ်များအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ လျှပ်စစ် မော်တော်ကားအရောင်းမြှင့်တင်ရေး အစီအမံများ စတင်ချိန်မှစ၍ လျှပ်စစ်မော်တော်ကား ၅၅,၀၀၀ စီးအတွက် ဘတ် ၆.၈၇ ဘီလီယံ ထောက်ပံ့မှုများ အသုံးပြုပြီးဖြစ်ကြောင်း၊ ဘတ် ၅ ဘီလီယံသည် အသုံးပြုရန် စောင့်ဆိုင်းလျက်ရှိကြောင်း၊ လျှပ်စစ်မော်တော်ကားအရောင်းမြှင့်တင်ရေးအစီအမံ ပထမ အဆင့် ၃.၀ တွင် ဘတ် ၂ သန်းထက်နည်းသော လျှပ်စစ်မော်တော်ကားများအတွက် ဘတ် ၁၅၀,၀၀၀ အထိ ထောက်ပံ့ပေးခဲ့ပြီး ဘတ် ၁၅၀,၀၀၀ အောက်နည်းသော လျှပ်စစ်မော်တော် ဆိုင်ကယ် များအတွက် ဘတ် ၁၈,၀၀၀ ထိ ထောက်ပံ့ပေးခဲ့ကြောင်း ဝန်ကြီးချုပ်၏ အကြံပေး Mr. Jirayu Huan-gsab က ပြောကြားခဲ့ပါသည်။

အစိုးရသည် ယင်းအစီအမံများကို မော်တော်ကားထုတ်လုပ်သူများထံ တိုက်ရိုက် ထောက်ပံ့ပေး ခြင်းဖြစ်ပြီး ဝယ်ယူသူများ၏ ယင်းတို့၏ ယာဉ်များကို မှတ်ပုံတင်ချိန်၌ ထောက်ပံ့မှုအတွက် တောင်းခံ လွှာကို တင်ပြတောင်းခံနိုင်ကြောင်း၊ ထိုင်းနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် စုစုပေါင်း ယာဉ်ထုတ်လုပ် မှု၏ ၃၀ ရာခိုင်နှုန်းကို လျှပ်စစ်မော်တော်ကားများ ဖြစ်ရန်နှင့် အစိမ်းရောင်ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ် လွှတ်မှုကို ၄၀ ရာခိုင်နှုန်းလျှော့ချရန် ဦးတည်ထားပါကြောင်း၊ လျှပ်စစ်မော်တော်ကားများသည် ထုတ်လုပ်မှုမှသည် သုံးစွဲမှုအထိ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို သိသိသာသာ လျှော့ချခြင်းဖြင့် စဉ်ဆက်မပြတ်သောဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များနှင့် ကိုက်ညီမည်ဟု ယုံကြည်ပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လျှပ်စစ်မော်တော်ကားအရောင်းမြှင့်တင်ရေးအစီအမံ ပထမအဆင့် ၃.၀ အောက်မှ ဘတ္တရီ  ၃၀ ကီလိုဝဒ်နာရီ ရှိပြီး ဈေးနှုန်း ဘတ် ၂ သန်းအောက်နည်းသော လျှပ်စစ်မော်တော်ကား ၁ စီးလျှင် ဘတ် ၇၀,၀၀၀ ထောက်ပံ့မှုရရှိပါကြောင်း၊ ဘတ္တရီ  ၃၀ ကီလိုဝဒ်နာရီ သို့မဟုတ် အထက်ရှိသော လျှပ်စစ် မော်တော် ကားများသည် ဘတ် ၁၅၀,၀၀၀ ထောက်ပံ့မှုရရှိပါကြောင်း၊ လျှပ်စစ်မော်တော်ကား အရောင်းမြှင့်တင်ရေးအစီအမံ ဒုတိယအဆင့် ၃.၅ ကို ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ ဆောင်ရွက်သွား မည် ဖြစ်ပြီး ဘတ္တရီ  ၅၀ ကီလိုဝဒ်နာရီ သို့မဟုတ် အထက်ရှိပြီး ဈေးနှုန်း ဘတ် ၂ သန်းအောက်နည်း သော လျှပ်စစ်မော်တော်ကား ၁ စီးလျှင် ဘတ် ၅၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ရရှိမည်ဖြစ်ပါကြောင်း၊ ဘတ္တရီအသေးများသည် ဘတ် ၂၀,၀၀၀ မှ ၅၀,၀၀၀ အထိ ထောက်ပံ့မှုရရှိမည် ဖြစ်ကြောင်း၊ အဆိုပါ မက်လုံးများကြောင့် ထုတ်လုပ်သူများသည် ထိုင်းနိုင်ငံတွင် ထုတ်လုပ်မှုအခြေစိုက်များကို အခြေချလာ ကြပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၈၀ ဘီလီယံထက်ပင် ပိုမိုနေပြီဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News