International News

လန်ဒန်မြို့၌ ထိုင်းထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ အရောင်းမြှင့်တင်ရေးအတွက် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ခဲ့

Last Updated:

ကုန်သွယ်မှုမိတ်ဖက်နိုင်ငံများ၏ ယုံကြည်မှုနှင့် တီထွင်ဆန်းသစ်မှုနှင့် အရည်အသွေးမြင့် ထုတ်ကုန်များ၏ အချက်အချာအဖြစ် ထိုင်းနိုင်ငံ၏ ပုံရိပ်ကို ပြသရန်အတွက် ဒီဂျစ်တယ်မီဒီယာ ဆိုင်းဘုတ်များနှင့် ဗီဒီယိုများတွင် “Think Thailand, Next Level” ကို ပြသမြှင့်တင်ခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

လန်ဒန်၏ Piccadilly Circus တွင် ဆိုင်းဘုတ်ကြီးများ အသုံးပြု၍ ထိုင်းထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပြသခြင်းဖြင့် Brand မြှင့်တင်ခြင်း လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုင်း စားသောက်ဆိုင်များ၊ စားဖိုမှူးများ၊ လုပ်ငန်းရှင်များ၊ သွင်းကုန်လုပ်ငန်းရှင်များ၊ Influencer များနှင့် ပြည်တွင်းသတင်းသမား ၁၀၀ ကျော် ပါဝင်ခဲ့ကြပါကြောင်း၊ Piccadilly Circus သည် Regent လမ်းနှင့် Piccadilly တို့ကို ဆက်သွယ်ပေးထားသည့် လန်ဒန်မြောက်စွန်းရှိ အဓိကလမ်းဆုံနှင့် ကျော်ကြားသော အများပြည်သူအသုံးပြုသည့် နေရာဖြစ်သဖြင့် ခရီးသွားများဆွဲဆောင်ရာနေရာဖြစ်ပါကြောင်း၊ Branding လှုပ်ရှားမှုကို လန်ဒန်ဘတ်စ်ကားများတွင်လည်း ကြော်ငြာထားပါကြောင်း၊ အဆိုပါ လှုပ်ရှား မှုသည် ထိုင်းအစားအစာ၊ ဖက်ရှင်နှင့် နေထိုင်မှုထုတ်ကုန်များကို Soft Power အဖြစ် ယူကေရှိ စားသုံး သူများအကြား မြှင့်တင်ပေးမည်ဟု ယုံကြည်ပါကြောင်း ဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့ပါသည်။

ယူကေသည် ထိုင်းထုတ်ကုန်များ၏ ပုံရိပ်နှင့် တံဆိပ်ကို မြှင့်တင်ပေးမည့် မဟာဗျူဟာကျသော ဈေးကွက် ၁၀ ခုထဲမှ ၁ ခုဖြစ်ပါကြောင်း၊ လှုပ်ရှားမှုသည် ဗြိတိန်စားသုံးသူများနှင့် ခရီးသွားများကို ထိုင်း ထုတ်ကုန်နှင့် ဝန်ဆောင်မှုများအား အမှတ်ရစေမည်ဖြစ်ကြောင်း၊ Leicester Stadium တွင်ကျင်းပပြု လုပ်လျက်ရှိသော ပရီးမီးယားလိဂ် ဘောလုံးပွဲပြီးနောက်  Leicester City Football Club အကြီးတန်း အရာရှိများနှင့် တွေ့ဆုံခဲ့ပြီး Soft power မှတစ်ဆင့် ထိုင်းအားကစားများကို မြှင့်တင်သွားရန် ဆွေး နွေးခဲ့ကြောင်း၊ လှုပ်ရှားမှု ဗီဒီယိုအပိုင်းများကို ကြည့်ရှုသူ ၁၀၀ သန်းထိ ရောက်ရှိရန် ရည်ရွယ်၍ ဒီဂျစ် တယ် ဆိုင်းဘုတ်များ၊ အားကစားရုံဗီဒီယိုများနှင့် လက်ဆောင်ပစ္စည်းဆိုင်များတွင် ပြသခဲ့ကြောင်း သိရှိ ရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News