Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ မတ်လ (၂၅) ရက် နေ့မှ (၃၁) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု ယခင်နှစ် ကာလတူထက် ပိုမိုဆောင်ရွက်

Last Updated:

        ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့မှ (၃၁) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန်(၅.၀၆၈) ဒေါ်လာသန်း၊ သွင်းကုန်(၇.၆၈၂)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၁၂.၇၅၀) ဒေါ်လာသန်းဖြစ်ပြီးယခင်နှစ်ကာလတူ၂၀၂၂ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့မှ (၃၁)ရက်နေ့အထိလုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန်(၀.၀၇၄) ဒေါ်လာသန်း၊ သွင်းကုန် (၁.၁၁၅) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၁၈၉)ဒေါ်လာသန်းဖြစ်၍ ယခင်နှစ်ကာလတူအပေါ် ပို့ကုန်(၄.၉၉၄)‌ဒေါ်လာသန်း ပိုမိုခဲ့ပြီးသွင်းကုန်တွင် (၆.၅၆၇)ဒေါ်လာသန်း ပိုမိုခဲ့သော ကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့်(၁၁.၅၆၁) ဒေါ်လာသန်းပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

          ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါကပို့ကုန်ပိုင်းတွင် ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ မြေထောက်ပဲ၊ ပဲယင်း၊ မြေပဲဆံ၊ နှမ်းနက်၊ နှံစားပြောင်း၊ ချင်း(စို)၊ ၊ ငရုတ်သီး (အစို/ အခြောက်)၊ ရော်ဘာကြမ်း၊ ရော်ဘာ၊ ဝဥခြောက်၊ ကြက်သွန်နီ၊ ဂမုန်းခြောက်နှင့် ဝါတို့ တင်ပို့မှုပိုမိုခဲ့ပြီးသွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုအုပ်စု၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုနှင့် လူသုံးကုန် အုပ်စုတို့ပိုမိုခဲ့သောကြောင့်ကုန်သွယ်မှုပမာဏပိုမိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။                                                                                                                     

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း

Source: https://commerce.gov.mm

Category: Local News