Local News

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (၂ - ၄ -၂၀၂၃) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

      ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကိုTradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြု ပေးလျက်ရှိသည်။ (၂-၄-၂၀၂၃)ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၆၁)စောင် (၄.၈၈၈)ယွမ်သန်းတန်ဖိုးရှိသည့် စက်နှင့်စက်ပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ လိမ္မော်သီး၊ ပန်းသီးတို့ကိုခွင့်ပြုထုတ်ပေးခဲ့ပြီး၂၀၂၃ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှ (၂)ရက်နေ့ထိ ပို့ကုန်လိုင်စင် (-)စောင်နှင့် သွင်းကုန်လိုင်စင် (၉၀)စောင်ခွင့်ပြုထုတ်ပေး ခဲ့သည်။ (၂-၄-၂၀၂၃)ရက်နေ့တွင် အများဆုံးပို့ကုန်ပစ္စည်းများမှာမြေပဲ၊ ပဲတီစိမ်း၊ နှမ်းနက်၊ ပြောင်းဖူးစေ့၊ ငါးရှဉ့်၊ နနွင်းတက်၊ ပုစွန်ဖွဲ၊ သခွားမွှေး၊ သီဟိုဠ်စေ့၊ ကြေးနီတို့ဖြစ်ပြီး အများဆုံးသွင်းကုန်ပစ္စည်းများမှာယာဉ်နှင့်ယာဉ်ယန္တရားများ၊ သွပ်လိပ်၊ မီးစက်၊ စတီးပိုက်၊ ပြည်တွင်းတပ်ဆင်ရေးလုပ်ငန်းတွင် အသုံးပြုသောSKDစနစ်ဖြင့် တင်သွင်းသည့် သုံးဘီး ဆိုင်ကယ်အင်ဂျင်(MIC)၊ မူလီနှင့်မူလီခေါင်း၊ သံချောင်း၊ ပလပ်စတစ်လိပ်၊ စက်ရုံသုံးအပူခံသံပြား၊ လိမ္မော်သီးတို့ဖြစ်သည်။

          မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြား ထုတ်ပေးသောပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကိုတင်ပို့သူမှတောင်းခံလာပါကစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီစိစစ်ခွင့်ပြုပေးလျက်ရှိသည်။ (၂-၄-၂၀၂၃)ရက်နေ့တွင် Form Eထုတ်ပေးမှုမှာ (၂၆)စောင်ဖြစ်ပြီးရေခဲငါး (၁)စောင်၊ ALUMINIUM INGOT (၁)စောင်၊ ကဏန်း(၆)စောင်၊ ငါးလေးခြောက် (၁)စောင်၊ ချင်းခြောက် (၂)စောင်၊ ပုစွန်ဖွဲ (၈)စောင်၊ ငါးရှဉ့်(၄)စောင်၊ နေလဲစေ့ (၁)စောင်၊ သကာရည် (၂)စောင်၊ တို့အားခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ (၂)ရက်နေ့အထိ Form E (၅၅)စောင်ထုတ်ပေးခဲ့သည်။

          (၂-၄-၂၀၂၃)ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ (၁၈၀)စီး၊ သွင်းကုန်ယာဉ်စီးရေ (၁၂၅)စီး၊ စုစုပေါင်း (၃၀၅)စီးကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီးယခုရက်ပိုင်းတွင် မြေပဲ၊ ပဲတီစိမ်း၊ နှမ်းနက်၊ ပြောင်းဖူးစေ့၊ ငါးရှဉ့်၊ နနွင်းတက်၊ ပုစွန်ဖွဲ၊ သခွားမွှေး၊ သီဟိုဠ်စေ့၊ ကြေးနီအစရှိသည့် ပို့ကုန်ပစ္စည်းများတင်ပို့လျက်ရှိသည်။ (၁-၄-၂၀၂၃ မှ ၂-၄-၂၀၂၃)ရက်နေ့အထိ ပို့ကုန်ယာဉ်စီးရေ(၄၂၉)စီး၊ သွင်းကုန်ယာဉ်စီးရေ (၃၁၆)စီးကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

          မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကိုယွမ်ငွေကြေး၊ ဒေါ်လာ ငွေကြေးများဖြင့်ဆောင်ရွက်လျက်ရှိသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကို ဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့်ပါ ဆောင်ရွက်ခွင့်ပြုပြီးဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကို ယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိသည်။

          မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ(၁)တန်လျှင် (၅၂၀၀-၅၉၀၀)ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၈၀-၂၄၈၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀) ယွမ်၊ မြေပဲဆံ (၁)တန်လျှင် (၉၅၀၀-၉၇၀၀ )ယွမ်၊ ဆန် (ဧည့်မထ)၂၅% (၁ )တန်လျှင် (၂၂၈၀ )ယွမ်၊ ဆန်ကွဲ (A 1-2) (၁)တန်လျှင် (၂၅၂၀ )ယွမ်၊ ရော်ဘာRSS-3(၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်းသိရှိရသည်။

          ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုး အတိုင်းတစ်ဖက်နိုင်ငံဝယ်ယူသည့်ကုန်ဝယ်သူမှပေးချေသည့် ကုန်ဖိုးငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်းဘဏ်စနစ်ဖြင့် ပို့ကုန်ရငွေများဝင်ရောက်နိုင်ရေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း အသိပေးအပ်သည်။

Source: https://commerce.gov.mm

Category: Local News