Local News

ချင်းရွှေဟော် (မိန်းတိန်) နယ်စပ်ကုန်သွယ်မှုသတင်း

Last Updated:

     တစ်ဖက်နိုင်ငံ၊ တရုတ်ပြည်တွင် ၂၀၂၃ ခုနှစ်၊ မတ် (၇) ရက်နေ့အထိ ဆန်မာ တစ်အိတ်လျှင် (၂၂၀) ယွမ်၊ ဆန်ပျော့တစ်အိတ်လျှင် (၃၂၀) ယွမ်၊ ဆန်တစ်အိတ်လျှင်(၁၆၀)ယွမ်နှင့် ပြောင်းတစ်အိတ်လျှင် (၂၀၀) ယွမ်ဈေး ပေါက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

      တစ်ဖက်နိုင်ငံ ချင်းရွှေဟော်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာတွေ့ရှိရသဖြင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်(နမ့်ဖာဟော်) ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှစ၍ တရုတ်နိုင်ငံမှ ယာယီပိတ်ထားခဲ့ရာမှ နမ့်ဖာဟော်တံတားကို ၂၀၂၂ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့သဖြင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ခဲ့သည်။ သို့ရာတွင် နှစ်နိုင်ငံ လူအဝင်အထွက်အား တစ်ဖက်နိုင်ငံမှ ခွင့်ပြုထားခြင်းမရှိသေးသည့်အတွက် ယာဉ်မောင်းများသည် နမ့်ဖာဟော် တံတားပေါ်တွင် ယာဉ်ချိန်းပြောင်းသည့်စနစ်ဖြင့် မောင်းနှင့်ခဲ့ရသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁၇)ရက် နေ့တွင် မြန်မာနိုင်ငံဘက်မှ ကြံတင်ယာဉ်မောင်းများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်၊ ကိန်းမခရိုင်၊ မိန့်တိန်မြို့ရှိ နမ့်ဟွာသကြားစက်ရုံသို့ တိုက်ရိုက်မောင်းနှင်ခွင့်ပြုခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက်နေ့ (၁၀ : ၀၀) အချိန်တွင် နှစ်နိုင်ငံလူအဝင်/အထွက်အား ပြန်လည်ဖွင့်လှစ်ခဲ့သည်။

     ၂၀၂၃ ခုနှစ်၊ မတ် (၇) ရက်နေ့ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် (၁၀၀) လျှင် တရုတ်ယွမ် (၀.၂၃၈) ယွမ်ဖြစ်ပြီး၊ (၁)ယွမ်လျှင် (၄၂၀) ကျပ်ရှိကြောင်း၊ ၁၆ ပဲ အခေါက်ရွှေ (၁) ကျပ်သား (၆၈၃၃.၃၃) ယွမ်၊ မြန်မာငွေကျပ် (၂၈၇၀၀၀၀) ရှိကြောင်း သိရှိရသည်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း

https://commerce.gov.mm

Category: Local News