Local News

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုအတွက် လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှု (၇-၃-၂၀၂၃)

Last Updated:

     ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေးလျက် ရှိသည်။ (၇-၃-၂၀၂၃) ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၃၀) စောင် (၁.၉၆၈) ယွမ်သန်းတန်ဖိုးရှိသည့် စက်နှင့်စက်ပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ လိမ္မော်သီး၊ ပန်းသီးတို့ကိုခွင့်ပြုထုတ်ပေးခဲ့ပြီး၂၀၂၃ ခုနှစ်၊ မတ်လ (၁)ရက်နေ့မှ (၇)ရက်နေ့ထိ သွင်းကုန်လိုင်စင် (၁၅၁)စောင်ခွင့်ပြုထုတ်ပေးခဲ့ပါသည်။ (၇-၃-၂၀၂၃)ရက် နေ့တွင် အများဆုံး ပို့ကုန်ပစ္စည်းများမှာ ပဲယင်း၊ မြေထောက်ပဲ၊ ပဲတီစိမ်း၊ ကြက်သွန်နီ၊ သခွားမွှေး၊ ငါးရှဉ့်၊ ဖရဲသီး၊ ဝါဂွမ်း၊ ပဲလွန်းဖြူတို့ဖြစ်ပြီး အများဆုံး သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့်ယာဉ်ယန္တရားများ၊ ပိတ်လိပ်၊ PVC ဝါယာဖြင့် ပြုလုပ်သော သံဇကာ၊ လိမ္မော်သီး၊ ပန်းသီး၊ ကြမ်းခင်းအထပ်သား၊ ဝါယာကြိုး၊ CMP ကုန်ကြမ်းတို့ ဖြစ်သည်။

     မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြား ထုတ်ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကို တင်ပို့သူမှ တောင်းခံလာပါကစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ (၇-၃-၂၀၂၃) ရက်နေ့ တွင် Form E ထုတ်ပေးမှု မှာ (၂၅)စောင် ဖြစ်ပြီးကွမ်းသီးခွံ(၁)စောင်၊ ဝါဂွမ်း(၃)စောင်၊ ကဏန်း(၃)စောင်၊ ဂျင်းခြောက်(၁)စောင်၊ မိကျောင်းကွမ်းဖတ်စေ့(၁)စောင်၊ ငါးရှဉ့်(၄)စောင်၊ ဆန်ကွဲ(၁)စောင်၊ နေလဲစေ့ (၇)စောင်၊ ဖရုံသီး(၃) စောင်၊ ကြံ (၁)စောင်တို့အားခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မတ်လ(၁)ရက်နေ့မှ (၇)ရက်နေ့အထိ Form E (၂၁၁)စောင် ထုတ်ပေးခဲ့ပါသည်။

     (၇-၃-၂၀၂၃)ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ (၂၈၁)စီး၊ သွင်းကုန်ယာဉ်စီးရေ (၂၁)စီး၊ စုစုပေါင်း (၃၀၂) စီး ကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီး၊ ယခုရက်ပိုင်းတွင် ပဲယင်း၊ မြေထောက်ပဲ၊ ပဲတီစိမ်း၊ ကြက်သွန်နီ၊ သခွားမွှေး၊ ငါးရှဉ့်၊ ဖရဲသီး၊ ဝါဂွမ်း၊ ပဲလွန်းဖြူအစရှိသည့် ပို့ကုန်ပစ္စည်းများတင်ပို့လျက်ရှိပါသည်။ (၁-၃-၂၀၂၃ မှ ၇-၃-၂၀၂၃) ရက်နေ့အထိ ပို့ကုန်ယာဉ်စီးရေ (၁၆၁၁)စီး၊ သွင်းကုန်ယာဉ်စီးရေ (၂၇၃)စီး ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။

     မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကိုယွမ်ငွေကြေး၊ ဒေါ်လာငွေကြေးများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကို ဒေါ်လာငွေကြေး အပြင် ယွမ်ငွေကြေးဖြင့် ပါဆောင်ရွက်ခွင့်ပြုပြီးဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကိုယွမ်ငွေကြေးဖြင့် ခွင့်ပြု ဆောင်ရွက်လျက်ရှိသည်။

      မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ(၁)တန်လျှင် (၅၀၀၀-၅၇၀၀) ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၈၀-၂၄၈၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀) ယွမ်၊ နှမ်းညို (၁) တန်လျှင် (၈၀၀၀-၈၅၀၀)ယွမ် ၊ မြေပဲဆံ (၁)တန်လျှင် (၉၅၀၀-၉၇၀၀ )ယွမ်၊ ဆန် (ဧည့်မထ)၂၅% (၁) တန်လျှင် (၂၂၈၀ )ယွမ်၊ ဆန်ကွဲ (A 1-2) (၁)တန်လျှင် (၂၅၂၀)ယွမ်၊ ရော်ဘာ RSS-3 (၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်းသိရှိရသည်။

   ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုး အတိုင်း တစ်ဖက်နိုင်ငံဝယ်ယူသည့်ကုန်ဝယ်သူမှပေးချေသည့် ကုန်ဖိုးငွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ ညွှန်ကြားချက်အတိုင်းဘဏ်စနစ်ဖြင့် ပို့ကုန်ရငွေများဝင်ရောက်နိုင်ရေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း အသိပေးအပ်ပါသည်။

https://commerce.gov.mm

Category: Local News