Local News

မြဝတီကုန်သွယ်ရေးဇုန်၏ကုန်သွယ်မှုအခြေအနေ

Last Updated:

     မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၅-၃-၂၀၂၃) ရက်နေ့မှ (၆-၃-၂၀၂၃)ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။ အများဆုံးပို့ကုန်ပစ္စည်းများ တင်ပို့မှုအနေဖြင့် ပြောင်း၊ CMP၊ ငရုတ်၊ ပီလောပီနံ၊ ကြက်သွန်နီ၊ ရေထွက်ကုန်ပစ္စည်း၊ ဂေါ်ဖီထုပ်၊ မန်ကျည်းသီးနှင့် အခြားပစ္စည်းတို့ ဖြစ်ပါသည်။ ယခုအခါ ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများအား တွင်ကျယ်စွာဆောင်ရွက်လာခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန်လိုအပ်ချက်ကြောင့် ဝယ်လိုအား မြင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

     ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်များကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။ အများဆုံးသွင်းကုန်ပစ္စည်းများမှာ စားသောက်ကုန်၊ အထည်ချုပ်၊ အိမ်သုံးပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ကားအပိုပစ္စည်း၊ ထုပ်ပိုးပစ္စည်းများ၊ ယာဉ်/ယန္တရားများ၊ လျှပ်စစ်ပစ္စည်းများ၊ စက်ရုံသုံးပစ္စည်း၊ စက်ဆီ/ချောဆီ၊ ဖိနပ်နှင့် ဖိနပ်ကုန်ကြမ်းပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ သစ်သီး၊ ဆေးနှင့် ဆေးပစ္စည်းများနှင့် အခြားပစ္စည်းတို့ဖြစ်သည်။

      ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင်  (၈၂.၉၉)ကျပ်ထိရှိခဲ့ပြီး  ယခုအပတ်တွင် (၈၂.၆၄)  ကျပ်ခန့်အထိရှိရာ   ဘတ်စျေးအနည်းငယ်ပြန်ကျလာသဖြင့်  သွင်းကုန်များ ပိုမို တင်သွင်းလျက်ရှိ ကြောင်း သတင်းရရှိသည်။

https://commerce.gov.mm

Category: Local News