Local News

“မဲခေါင်-လန်ချန်း သစ်သီးပွဲတော် ၂၀၂၃ (မြန်မာ) Mekong-Lancang Fruit Festival 2023 (Myanmar) ကျင်းပဆောင်ရွက်နိုင်ရေးအတွက် ဒုတိယအကြိမ်အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် “မဲခေါင်-လန်ချန်းသစ်သီးပွဲတော်(မြန်မာ)တွင် မြန်မာနိုင်ငံမှဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာ ရှင်များနှင့် ကုန်သည်လုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ရေးအတွက် ဒုတိယအကြိမ်အကြိုညှိနှိုင်းအစည်းအဝေး ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့၊ နေ့လယ် (၁၁:၃၀)နာရီအချိန်တွင်  မြန်မာကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။  

အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ညှိနှိုင်းဆွေးနွေးပွဲသို့ သက် ဆိုင်ရာဌာနများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာ နိုင်ငံသစ်သီးဝလံပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုး၊ထုတ်လုပ်၊တင်ပို့ရောင်းချသူများအသင်းနှင့် ညီနောင်အသင်း အဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း(၃၃)ဦးတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ မဲခေါင်-လန်ချန်းဒေသခွဲ စီးပွားရေးနှင့်ကုန်သွယ်မှုဖွံ့ဖြိုးတိုး တက်ရေးစင်တာနှင့်ပူးပေါင်း၍ မဲခေါင်-လန်ချန်းသစ်သီးပွဲတော်၂၀၂၃(မြန်မာ)ကိုကျင်းပခြင်းအားဖြင့် မြန်မာနိုင်ငံ သစ်သီးဝလံများအား တရုတ်နိုင်ငံဈေးကွက်သို့ပိုမိုရောင်းချနိုင်မည့် အကျိုးကျေးဇူးရရှိမည်ဖြစ်ကြောင်း၊ ပြပွဲသို့ မြန်မာနိုင်ငံမှထွက်ရှိသော ထောပတ်သီး၊ နာနတ်သီး၊ မက္ကဒေးမီးယား၊ ကျွဲကောသီး၊ ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ မင်းကွတ်သီး၊ ကြက်မောက်သီး၊ ဒူးရင်းသီး၊ ပင်မှည့်သီး၊ သစ်ကြားသီးများအပြင် ဝဥ၊ လက်ဖက်၊ ကော်ဖီနှင့် ရှောက်ကောပါကောများပါ ထည့်သွင်းပြသနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲခေါင်-လန်ချန်း သစ်သီးပွဲတော် ပထမနေ့တွင် မြန်မာနိုင်ငံ၏အလားအလာရှိသည့်သစ်သီးဝလံများနှင့်ပတ်သက်သည့် ဈေးကွက် မြှင့်တင်ရေးဆွေးနွေးပွဲများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပြပွဲအောင်မြင်နိုင်ရေး ပူးပေါင်းဆောင်ရွက် ပေးကြရန် ပြောကြားခဲ့ပါသည်။

အဆိုပါ မဲခေါင်-လန်ချန်းသစ်သီးပွဲတော် ၂၀၂၃ (မြန်မာ)တွင် မြန်မာနိုင်ငံမှထွက်ရှိပြီး အလားအလာရှိသည့် သစ်သီး ဝလံများနှင့် ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခြင်း၊ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ ကုန်ဝယ် သူများနှင့်ချိတ်ဆက်၍ ရောင်းဝယ်မှုဆိုင်ရာ သဘောတူစာချုပ်များချုပ်ဆိုနိုင်သည်အထိ ချိတ်ဆက်ခြင်းများကို စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

 

 

 

Category: Local News