Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

   အောက်တိုဘာလ ဒုတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းများအဝင်များ၍ နှမ်းဝါ၊ နှမ်းဖြူ ဈေးအနည်းငယ်မြင့်တက်နေပြီး၊ နှမ်းညို၊ နှမ်းနက်၊ မြေပဲလုံးဆံဖြူနှင့် ဆီဆံဈေးနှုန်းများ ဈေးငြိမ်းနေကြောင်းသိရသည်။ ယခုအပတ်တွင်း နှမ်းညိုတစ်တင်းလျှင် (၉၄၀၀၀)ကျပ်၊ နှမ်းဝါတစ်တင်းလျှင် (၁၀၀၀၀၀-၁၀၄၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀၀၀- ၁၁၅၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၈၅၀၀၀- ၉၅၀၀၀)ကျပ်ဖြစ်ကာ ယခင်ပတ်ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ နှမ်းညိုတစ်တင်းလျှင် (၉၂၀၀၀-၉၄၀၀၀) ကျပ်၊ နှမ်းဝါတစ်တင်းလျှင် (၁၀၀၀၀၀-၁၀၃၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀၀၀-၁၁၀၀၀၀) ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၈၅၀၀၀- ၉၅၀၀၀)ကျပ်ရှိနေကြောင်းသိရသည်။

     ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၃၀၀-၆၆၀၀)ကျပ် မြေပဲဆီဆံဖြူတစ်ပိဿာ (၆၀၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၄၀၀)ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၆၀၀၀)ကျပ်၊ ယခုအပတ် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူ ဈေးငြိမ်နေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၂၀၀၀-၁၂၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၂၅၀၀)ကျပ်၊ ပဲဖတ်တစ်ပိဿာ(နယ်- ၂၇၇၅ )ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ( ၂၅၀၀ )ကျပ်၊ နေကြာဖတ် တစ်ပိဿာ (၁၉၂၀)ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

Category: Local News