Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၆-၃-၂၀၂၃ မှ ၁၀-၃-၂၀၂၃)အတွင်း ကုန်စည်ဈေးနှုန်းများ အခြေအနေ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

      ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်)ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2022 Crop) ကျပ် ၁၈၆၃၅၀၀၊ မတ်ပဲ SQ/RC  (2022 Crop) ကျပ် ၂၀၈၃၅၀၀ နှင့် ပဲစဉ်းငုံ Red/RC (2022 Crop) ကျပ် ၂၁၇၅၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2022 Crop) ကျပ် ၇၁၅၀၀၊ မတ်ပဲ SQ/RC  (2022 Crop) ကျပ် ၁၂၇၅၀၀  နှင့် ပဲစဉ်းငုံ Red/RC (2022 Crop) ကျပ် ၃၆၀၀၀ ဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲ FAQ/RC  (2022 Crop) ကွန်တိန်နာ ၁၀၀ လုံး (တန်ချိန် ၂၄၀၀)နှင့် မတ်ပဲ SQ/RC  (2022 Crop) ကွန်တိန်နာ ၅ လုံး (တန်ချိန် ၁၂၀) စုစုပေါင်း ကွန်တိန်နာ ၁၀၅ လုံး (တန်ချိန် ၂၅၂၀) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC  (2022 Crop) ကွန်တိန်နာ ၁၁၀ လုံး (တန်ချိန် ၂၆၄၀)နှင့် ပဲစဉ်းငုံ Red/RC (2022 Crop) ကွန်တိန်နာ ၄၀ လုံး (တန်ချိန် ၉၆၀)နှင့် Red/RC (2022 Crop) ကွန်တိန်နာ ၁၅ လုံး (တန်ချိန် ၃၆၀)  စုစုပေါင်းကွန်တိန်နာ ၁၆၅ လုံး (တန်ချိန် ၃၉၆၀)  ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကွန်တိန်နာ  ၆၀ လုံး (တန်ချိန် ၁၄၄၀) ပိုမိုဝင်ရောက်ခဲ့ကြောင်း သိရသည်။

ငရုတ်

     ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုပ်သီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မြှားနီ ကျပ် ၁၀၅၀၀၊ ပန်းရဲငရုပ်(သစ်) AC ကျပ် ၁၁၀၀၀၊ မိုးထောင်(ဒီမွန်)ကျပ် ၁၂၅၀၀ နှင့် ဆင်ဖြူကျွန်း (ပု) ကျပ် ၁၅၀၀၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မိုးထောင်(ဒီမွန်) ကျပ် ၅၀၀ ဈေးမြင့် တက်ခဲ့ပြီး ပန်းရဲငရုပ်(သစ်) AC ကျပ် ၅၀၀ ဈေးကျဆင်းခဲ့သည်။ ကျန်ငရုပ်ဈေးများ ငြိမ်လျက်ရှိသည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ငရုပ်ရှည်အိတ်ပေါင်း ၇၅၀၀ (၁၅၀၀၀၀ ပိဿာ)နှင့် ငရုပ်ပု အိတ်ပေါင်း ၇၀၀ (၁၀၅၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုပ်ရှည်အိတ်ပေါင်း ၁၂၃၀၀ (၂၄၆၀၀၀ ပိဿာ)နှင့် ငရုပ်ပုအိတ်ပေါင်း ၂၂၀၀ (၃၃၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သဖြင့် ငရုပ်ရှည် အိတ်ပေါင်း ၄၈၀၀ (၉၆၀၀၀ ပိဿာ)နှင့် ငရုပ်ပုအိတ်ပေါင်း ၁၅၀၀   (၂၂၅၀၀ ပိဿာ) ပိုမို ဝင်ရောက်ခဲ့ကြောင်း သိရသည်။

မန်ကျည်း

     ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်)ကျပ် ၁၉၀၀၊ မန်ကျည်းအသား(သစ်) ကျပ် ၂၉၀၀ နှင့် ရမည်းသင်း ဒါးဇင်း(သစ်) ကျပ် ၁၈၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မန်ကျည်ဈေးများ ငြိမ်လျက်ရှိသည်။

ထန်းလျက်၊ ကြံသကာနှင့် သကြား

     ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား (တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၂၅၅၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၂၉၀၀၊ ပခုက္ကူကြမ်းကျပ် ၂၉၅၀၊ ရေစကြိုထန်းလျက်(ချော) ကျပ် ၃၆၀၀၊ ကြံသကာ(စစ်) ကျပ် ၂၆၅၀ နှင့် သကြား(ပြည်တွင်း)ကျပ် ၃၀၆၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြံသကာ (စစ်) ကျပ် ၅၀ မြင့်တက်ခဲ့ပြီး တောင်သာမလိုင်(ဒုံး) ကျပ် ၅၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၁၀၀၊ ပခုက္ကူကြမ်းကျပ် ၂၅၀ နှင့် သကြား(ပြည်တွင်း)ကျပ် ၁၀ ဈေးကျဆင်းခဲ့သည်။ ကျန်အမျိုးအစားများ ဈေးငြိမ်လျက်ရှိသည်။

 

                                                                                                                                                                                           SSMaw Domestic(Ygn) MITC

 

Category: Local News