Local News

မန္တလေးကုန်စည်ဒိုင် ပြောင်းဖူးစေ့ဈေးနှုန်းကျဆင်းလာမှုအခြေအနေ

Last Updated:

     မတ်လ ပထမအပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ရှမ်းပြည်နယ်ဘက်မှ ပြောင်းဖူးစေ့များ ဝင်ရောက်လျက်ရှိကြောင်း၊ ပြည်ပဈေးကွက်သို့ မြဝတီနယ်စပ်မှတစ်ဆင့် တင်ပို့မှုရှိပြီး မူဝါဒ အပြောင်းအလဲများကြောင့် ဈေးကွက်မတည်မငြိမ်ဖြစ်ကာ ဈေးနှုန်းကျဆင်းကြောင်း၊ အဓိက ငွေကြေးတန်ဖိုး အပြောင်းအလဲများနှင့် Logistics cost များ မတည်ငြိမ်သောကြောင့် ဈေးနှုန်း ကျဆင်းသွားခြင်းဖြစ်ကြောင်း ဝယ်လိုအားကျဆင်းသွားခြင်းမဟုတ်သည့်အတွက် မကြာခင် ပြောင်းဈေး ပြန်တက်လာမည်ဖြစ်ကြောင်း မန္တလေးကုန်စည်ဒိုင် သတင်းများအရ သိရသည်။

     ရှမ်းပြောင်းဖူးစေ့ ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၆၀၀၀၀ မှ ၆၀၅၀၀၊ ယခင်တစ်ပတ်ကျပ် ၆၀၅၀၀ မှ ၆၁၅၀၀၊ ယခင်လကျပ် ၆၄၈၀၀ မှ ၆၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀ မှ ၁၀၀၀၊ ယခင်လထက်ကျပ် ၄၅၀၀ မှ ၄၈၀၀ နိမ့်ကျလာသည်။

     စီပီပြောင်း ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ်ကျပ် ၆၀၀၀၀ မှ ၆၀၅၀၀၊ ယခင်တစ်ပတ်ကျပ် ၆၀၅၀၀ မှ ၆၁၅၀၀၊ ယခင်လကျပ် ၆၀၅၀၀ မှ ၆၅၀၀၀ ဖြစ်သည်။   ယခင်တစ်ပတ်ထက်ကျပ် ၅၀၀ မှ ၁၀၀၀၊ ယခင်လထက်ကျပ် ၃၀၀၀ မှ ၄၅၀၀ နိမ့်ကျလာသည်။

     ဗမာပြောင်းဖူးစေ့ ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ်ကျပ် ၅၈၅၀၀ မှ ၅၉၀၀၀၊ ယခင်တစ်ပတ်ကျပ် ၅၉၀၀၀၊ ယခင်လကျပ် ၆၂၀၀၀ မှ ၆၃၀၀၀ ဖြစ်သည်။  ယခင် တစ်ပတ်ထက်ကျပ် ၅၀၀၊ ယခင်လထက်ကျပ် ၃၅၀၀ မှ ၄၀၀၀ နိမ့်ကျလာသည်။

 

 

                                                                                                                                                                                                 မြင့်မြင့်လှိုင်

                                                                                                                                                                                  ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News