Local News

မန္တလေးကုန်စည်ဒိုင်တွင် မြေပဲဆန်ယခင်လထက်ဈေးမြင့်လာ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ မန္တလေးအနီးတဝိုက်မှ မြေပဲဆန်အသစ်များဝင်ရောက်နေပြီး၊ မြေပဲလုံးဆန်များကို တရုတ်ဝယ်လက်မှ ဝယ်ယူနေကြောင်း၊ဆီဆန်ကိုလည်းဆီစက်သမားများမှ ဝယ်ယူနေမှုရှိ၍ ယခင်လထက်မြေပဲဆန် တစ်ပိဿာလျှင်  အနိမ့်ဆုံးကျပ် ၂၀၀ မှအမြင့်ဆုံး ၁၀၅၀ မြင့်တက်လာသည်။

        မြေပဲလုံးဆန် (ဖြူ)တစ်ပိဿာဈေးနှုန်းများမှာယခုတစ်ပတ် ကျပ် ၇၀၀၀မှ ၆၈၀၀၊ ယခင် တစ်ပတ် ကျပ် ၇၂၀၀ မှ ၆၅၀၀၊ ယခင်လကျပ်၆၆၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀ မှ ၃၀၀ နိမ့်ကျလာပြီး၊ ယခင်လထက် ကျပ် ၂၀၀မှ ၄၀၀ မြင့်တက်လာသည်။

        မြေပဲလုံးဆန် (နီ)တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၇၀၀၀ မှ ၇၁၀၀၊ ယခင်တစ်ပတ်ကျပ် ၇၁၀၀၊ ယခင်လကျပ်၆၃၅၀ မှ ၆၄၅၀ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀ နိမ့်ကျလာပြီး ၊ယခင်လထက်ကျပ်၆၅၀မြင့်တက်လာသည်။

        S1 ဆီဆန်တစ်ပိဿာလျှင် ယခုတစ်ပတ် ကျပ် ၅၈၅၀ မှ ၅၉၅၀၊ ယခင်တစ်ပတ်ကျပ် ၅၈၅၀ မှ ၅၉၅၀၊ ယခင်လ ကျပ် ၄၈၀၀ မှ ၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး ယခင်လထက် ကျပ် ၉၅၀ မှ ၁၀၅၀ မြင့်တက်လာသည်။

Category: Local News