Local News

မန္တလေးကုန်စည်ဒိုင်ရှမ်းပြောင်းအဝင်ရှိပြီးပြည်ပမှဝယ်ယူမှုရှိနေ

Last Updated:

ဖေဖော်ဝါရီလဒုတိယပတ် မန္တလေးကုန်စည်ဒိုင်သို့ရှမ်းပြည်နယ်ဘက်မှ ပြောင်းဖူးစေ့ အသစ်များ ဝင်ရောက်နေပြီး၊ မြဝတီ၊ တရုတ်၊ ရန်ကုန်သို့တင်ပို့မူရှိပြီး၊ပြောင်းဈေးယခင်လထက်၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ကျပ် ၄၀၀၀ မှ ၅၈၀၀ မြင့်တက်လာသည်။

          ရှမ်းပြောင်းဖူးစေ့၅၄ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ် ၆၄၈၀၀ မှ ၆၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၆၅၀၀၀ မှ ၆၆၀၀၀၊ယခင်လကျပ် ၅၉၀၀၀ မှ ၅၉၅၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀ မှ ၁၀၀၀ နိမ့်ကျလာပြီး၊ယခင်လထက်ကျပ် ၅၅၀၀ မှ ၅၈၀၀ မြင့်တက်လာသည်။

          စီပီပြောင်း၅၄ ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာယခုတစ်ပတ် ကျပ် ၆၃၀၀၀ မှ ၆၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၆၅၀၀၀ မှ ၆၆၀၀၀၊ ယခင်လကျပ် ၅၉၀၀၀ မှ ၅၉၅၀၀ဖြစ်သည်။  သုံးတင်းတစ်အိတ်လျှင် ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀ မှ ၂၀၀၀ နိမ့်ကျလာပြီး၊ယခင်လထက်ကျပ် ၄၀၀၀ မှ ၅၅၀၀မြင့်တက်လာသည်။

          ဗမာပြောင်းဖူးစေ့၅၄ ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာယခုတစ်ပတ် ကျပ်၆၂၀၀၀ မှ ၆၃၀၀၀၊ယခင်တစ်ပတ် ကျပ် ၆၂၀၀၀ မှ ၆၃၀၀၀၊ ယခင်လကျပ် ၅၇၅၀၀ မှ ၅၈၀၀၀ ဖြစ်သည်။  ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ယခင်လထက်  ကျပ်၄၅၀၀ မှ ၅၀၀၀မြင့်တက်လာသည်။

 

           

           မြင့်မြင့်လှိုင်

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News