Local News

မုံရွာမြို့အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာထွက်ကုန်သီးနှံများထဲမှ ပဲတီစိမ်းကြီး၊ ပဲတီစိမ်းသေး၊ကုလားပဲဖြူလုံးကြီး ဈေးငြိမ်၍ ပဲကြီး၊ မတ်ပဲ၊ CPပြောင်းဖူးစေ့၊ ဆန်ပြောင်းဖြူ၊ 929 ၊ ပဲစဉ်းငုံဈေးနှုန်းများဆက်လက်မြင့်တက်နေပြီး ကုလားပဲ ဖြူလုံးသေး အနည်းငယ်ကျဆင်းသွားပါသည်။ ယခုတစ်ပတ်အတွင်း သီးနှံများတစ်တင်းပေါက်ဈေးနှုန်းများမှာ ပဲစဉ်းငုံ (၆၀၅၀၀)ကျပ်၊မတ်ပဲ (၅၄၀၀၀-၅၇၅၀၀)ကျပ်၊ ပဲတီစိမ်း(ကြီး) (၅၂၀၀၀)ကျပ်နှင့် ပဲတီစိမ်း(သေး) (၄၄၀၀၀)ကျပ် ပေါက်ဈေးရှိသည်။ ယခင်တစ်ပတ်အတွင်း ကာလတူ ပေါက်ဈေးနှုန်းများမှာ ပဲစဉ်းငုံတစ်တင်းလျှင် (၅၉၅၀၀)ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၅၆၀၀၀-၅၇၀၀၀)ကျပ်နှင့် ပဲတီစိမ်း (ကြီး) တစ်တင်းလျှင် (၅၂၀၀၀)ကျပ်၊ ပဲတီစိမ်း (သေး)(၄၄၀၀၀-၄၅၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ယခင်တစ်ပတ်အတွင်းကာလတူအချိန်နှင့် နှိုင်းယှဉ်ပါကပဲတီစိမ်းကြီး/ သေးဈေးငြိမ်နေပြီး မတ်ပဲတစ်တင်းလျှင် (၅၀၀)ကျပ်၊ပဲစဉ်းငုံတစ်တင်းလျှင် (၁၀၀၀)ကျပ်နှုန်း မြင့်တက်နေကြောင်း သိရသည်။ယခုတစ်ပတ် ပဲကြီးတစ်တင်းလျှင်  (၈၅၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ်ကာလတူဈေးနှုန်းမျာမှာ ပဲကြီးတစ်တင်းလျှင် (၇၇၀၀၀)ကျပ် ရှိ၍ ယခင်ပတ်နှင့် ယခုပတ်နှိုင်းယှဉ်ပါကပဲကြီးတစ်တင်းလျှင် (၈၀၀၀)ကျပ်မြင့်တက်သွားကြောင်းသိရသည်။

ကုလားပဲ (မျိုးစုံ)ပေါက်ဈေးနှုန်းများမှာကုလားပဲဖြူလုံးကြီး(သစ်) တစ်တင်းလျှင် (၆၄၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး(သစ်) (၆၄၀၀၀) ကျပ်၊ 929(သစ်)  (၆၂၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်ပတ်ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး(သစ်) တစ်တင်းလျှင် (၆၄၅၀၀)ကျပ်၊ကုလားပဲဖြူလုံးသေး (သစ်)  (၆၅၀၀၀) ကျပ်၊ 929(သစ်)  (၆၁၈၀၀)ကျပ် ပေါက်ဈေးရှိ၍ ယခင်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲဖြူလုံးကြီး ဈေးငြိမ်နေပြီး၊ ကုလားပဲ ဖြူလုံးသေးတစ်တင်းလျှင် (၁၀၀၀)ကျပ်နှုန်းကျဆင်း၍ ၊929ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်နေကြောင်းသိရသည်။ပြောင်းနီတစ်တင်းလျှင် (၂၈၀၀၀) ကျပ်၊ CPပြောင်းဖူးစေ့ တစ်တင်း လျှင် (၂၂၇၀၀) ကျပ် ပေါက်ဈေးရှိသည်။ ယခင်အပတ် ကာလတူ ပေါက်ဈေးနှုန်းမှာ CPပြောင်းဖူးစေ့ တစ်တင်းလျှင် (၂၂၅၀၀)ကျပ်၊ ပြောင်းနီတစ်တင်းလျှင် (၂၅၀၀၀)ကျပ် ရှိ၍ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ပြောင်းနီနှင့်CPပြောင်းဖူးစေ့ ဈေးနှုန်းများ မြင့်တက်လာကြောင်းသိရပါသည်။      

 

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News