Local News

မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသော ဆီထွက်သီးနှံများ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေ

Last Updated:

မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်သည့် ဆီထွက်သီးနှံများ၏ ဈေးကွက် အခြေ အနေမှာ နှမ်းမျိုးစုံဈေးနှုန်းများ အနည်းငယ်ကျဆင်းနေပြီး မြေပဲလုံးဆံဖြူပေါက်ဈေးမှာ မြင့်တက် နေပါသည်။ ယခုတစ်ပတ်အတွင်းနှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀၀၀-၉၇၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၈၀၀၀)ကျပ်ရှိပြီး ယခင်ပတ်ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ နှမ်းဖြူ တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၀၁၀၀၀) ကျပ်ရှိပြီး ယခုတစ်ပတ် ကာလတူနှင့်နှိုင်းယှဉ်ပါက နှမ်းဈေးများအနည်းငယ်ကျဆင်းလာကြောင်းသိရသည်။

ယခုတစ်ပတ်အတွင်းမုံရွာကုန်စည်ဒိုင်၏ မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့်ဆီဈေးနှုန်းများမှာ လုံးဆံဖြူ တစ်ပိဿာ (၆၃၀၀-၆၄၀၀)ကျပ်၊မြေပဲလုံးဆံနီတစ်ပိဿာ (၇၁၀၀-၇၂၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၅၈၅၀)ကျပ်ရှိပြီး ယခင်အပတ်ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ လုံးဆံဖြူ တစ်ပိဿာ (၆၁၀၀-၆၃၀၀)ကျပ်၊မြေပဲလုံးဆံနီတစ်ပိဿာ (၆၉၀၀-၇၀၀၀)ကျပ်၊  ဆီဆံဖြူ တစ်ပိဿာ(၅၈၀၀)ကျပ်ရှိ၍ ယခင်တစ်ပတ်ကာလတူအချိန်ပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက မြေပဲ လုံးဆံနီ၊ မြေပဲလုံးဆံဖြူ၊ဆီဆံဖြူဈေးနှုန်းများ အနည်းငယ်မြင့်တက်နေကြောင်းသိရသည်။ယခုပတ်  ဆီဈေးမှာပဲဆီ တစ်ပိဿာ ၁၂၀၀၀ကျပ် မှ၁၁၅၀၀ကျပ်ထိ၊ နှမ်းဆီ တစ်ပိဿာ ၁၁၀၀၀ ကျပ်မှ ၁၀၅၀၀ ကျပ်ထိ ရှိပြီး နှမ်းနှင့်မြေပဲလုံးဆံများ ဈေးမြင့်လာ၍ ဆီဈေးနှုန်းလည်း မြင့်တက် လာပါသည်။

Category: Local News