Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှု အ​ခြေအနေ

Last Updated:

     ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်း ဖြစ်သည်။

      ၂၀၂၃ ခုနှစ်၊ မတ်လ ၀၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၄၁၆၈)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၅.၆၃၆) သန်း၊ သွင်းကုန်တန်ချိန် (၉၃၉)၊ (၇၅၀) M2၊ (၇၇) U၊ (၂၆၄၀) BBL၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၆၄၈)သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၈၄ သန်း ဖြစ်သည်။ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းမှာ ငါးမျိုးစုံနှင့် ကင်းမွအများဆုံး တင်သွင်းခဲ့ သည့် သွင်းကုန်ပစ္စည်းများမှာ ပီလောပီနံမှုန့်၊ ကြွေပြား၊ ဆား၊ ကုန်စုံ၊ စတီးဝါယာကြိုး၊ ဒီဇယ်၊ ဓာတ်ဆီ၊ ဆီလီကွန်၊ ဆာလဖာ၊ ကျောက်ချဉ်၊ မီးသွေးမှုန့်၊ ရေသန့်စင်စက်၊ ရေကူးကန်သုံးအပိုပစ္စည်း၊ နိုင်လွန်ကြိုး၊ ငါးဖမ်းပိုက်ကွန် တို့ဖြစ်ကြောင်း သိရှိရသည်။

https://commerce.gov.mm

Category: Local News