Local News

မတ်လတတိယအပတ်အတွင်း မုံရွာကြက်သွန်နီဈေးကွက်အခြေအနေ

Last Updated:

     မတ်လတတိယအပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများ နေ့စဉ်ပိဿာချိန် ၃၀၀၀၀ ကျော် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံသို့ဝင်ရောက်လာသော ကြက်သွန်နီများဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်၊ မန္တလေးနှင့် ချင်းတွင်း အထက်မြစ်ရိုးတစ်လျှောက် တင်ပို့လျက်ရှိကြောင်း သိရသည်။

     မတ်လဒုတိယအပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ ပေါက်ဈေးနှုန်းများမှာ တစ်ပိဿာ လက်ကားဈေးနှုန်းများမှာ(ကြီး) (၁၀၀၀မှ၁၀၅၀)ကျပ်၊ (လတ်) (၉၅၀မှ၁၀၀၀)ကျပ်၊ (သေး) (၈၀၀-၈၅၀)ကျပ် ပေါက်ဈေးရှိပြီး အလုံးဆိုက်၊ အစိုအခြောက် အရောင်းအသွေးပေါ်မူတည်၍  ဈေးနှုန်းကွာခြားမှုများ ရှိပါသည်။ လက်လီဈေးနှုန်းများမှာ တစ်ပိဿာ (ကြီး) (၁၃၀၀မှ၁၂၀၀)ကျပ်၊ (လတ်) (၁၀၀၀မှ၁၁၀၀)ကျပ်၊ (သေး) (၈၀၀မှ၉၀၀) ကျပ် ထိပေါက်ဈေးရှိပါသည်။ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဈေးအနည်းငယ် ကျဆင်းလာကြောင်း သိရပါသည်။ ကြက်သွန်ဖြူဈေးနှုန်းမှာ လက်လီတစ်ပိဿာ(ဗမာ) (၄၅၀၀ မှ ၅၂၀၀)ကျပ်၊ (ရှမ်းစ) (၄၀၀၀ မှ ၅၀၀)ကျပ်၊ ကြူကုတ် (၅၅၀၀ မှ ၆၀၀၀)ကျပ်ဖြင့် ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီး အသီးသီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

 

                                                                                                                                                                                                    ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News