Local News

မောတောင်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ် ဒုတိယသီတင်းပတ်အတွင်း တင်ပို့/တင်သွင်းခဲ့မှုအခြေအနေ

Last Updated:

      မောတောင်ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံဘက်သို့ သွင်းကုန်ထက် ပို့ကုန်တင်ပို့မှု ပိုမိုလျက်ရှိသော ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည်။   မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၃ ခုနှစ်၊ မတ်လ(၀၄)ရက်နေ့မှ(၁၀) ရက်နေ့အထိ ဒုတိယအပတ်ကာလအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၃၆၇) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၅) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၀.၃၇၂) ဒေါ်လာသန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

     မောတောင်ကုန်သွယ်ရေးစခန်းမှ အဓိကတင်ပို့နေသော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုဇွန်၊ ကဏန်း၊ ငှက်ပျောသီး၊ ငရုတ်သီး၊ ဓနိဖက်၊ ကြက်သွန်နီနှင့် တံမြက်စည်းတို့ဖြစ်ပြီး အဓိက တင်သွင်းနေသော ကုန်ပစ္စည်း များမှာ အသီးမျိုးစုံ၊ ငါးသေတ္တာဗူးခွံနှင့် ကြွေပြားတို့ဖြစ်သည်။

https://commerce.gov.mm

Category: Local News