Announcements

အာဆီယံ-ဩစတြေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသ၏ ပင်ရင်းနိုင်ငံစည်းမျဉ်းအရ HS 2022 ဖြင့် ပြုစုထားသည့် သီးသန့်စည်းမျဉ်းကျင့်သုံးသည့်ကုန်စည်များကို အကောင်အထည်ဖော်ဆောင်ရွက်မည်

Last Updated:

အာဆီယံ-ဩစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ၏ ပင်ရင်းနိုင်ငံစည်းမျဉ်းအရ HS 2017 Version ဖြင့် ပြုစုထားသော သီးသန့်စည်းမျဉ်းကျင့်သုံးသည့် ကုန်စည်များကို စာချုပ်ဝင်နိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်၍ HS 2022 Version သို့ ကူးပြောင်းချိတ်ဆက်ခဲ့ပါသည်။

အဆိုပါ ကူးပြောင်းချိတ်ဆက်ထားသည့်ကုန်စည်စာရင်းကို အာဆီယံ-ဩစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသပူးတွဲကော်မတီက အတည်ပြုခဲ့ပြီး စာချုပ်ဝင်နိုင်ငံများအကြား ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရန် ဆုံးဖြတ်ခဲ့ပါသည်။

အာဆီယံ-ဩစတြေးလျ-နယူးဇီလန် လွတ်လပ်သော ကုန်သွယ်မှုဒေသ၏ ပင်ရင်းနိုင်ငံစည်းမျဉ်းအရ HS 2022 Version သို့ ကူးပြောင်းချိတ်ဆက်ထားသည့် ကုန်စည်များ၏ သီးသန့်စည်းမျဉ်းများကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ စတင်ကာ အကောင်အထည်ဖော်ဆောင်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

Category: Announcements